အင်း.... ဒီအချိန်​​လောက်​ဆို.. သူလာ​နေ​ရော​ပေါ့....
သူအဆင်​​ပြေပါ့မလား..... အရမ်းများ ငိုထား​လေမလား....

ကိုယ်​တိုင်​ကသာ အသိစိတ်​မကပ်​​တော့တဲ့ အရူးတစ်​​ယောက်​လို ​ကြောင်​​တောင်​​တောင်​ဖြစ်​​နေ​ပေမယ့်​လည်း
မသိစိတ်​က​တော့ သူလုပ်​​နေကျ တာဝန်​အတိုင်း
''သူ့''အတွက်​ စိုးရိမ်​​ပေး​နေရှာပြန်​တယ်​....

သြော်​... ဒါလည်းဝဋ်​တစ်​မျိုးပါလား.....

''ကျွီ..........''

ကားရပ်​သံကြားလိုက်​ရ​သောတစ်​ခဏ
အသက်​မပါစွာ ပြုံးလိုက်​မိသည်​.....

အချိန်​ကျပြီပဲ.....
လက်​သီးကိုတင်းတင်းဆုပ်​ အံကိုကြိတ်​ကာ
ကျချင်​​နေတဲ့ မျက်​ရည်​ကို ထိန်းထားလိုက်​သည်​....

မငိုစမ်းနဲ့.... Luhan
ဒါ ကိုယ်​​ရွေးခဲ့တဲ့လမ်းပဲ​လေ....

သူ့​နောက်​ကွယ်​ ဘယ်​​လောက်​ပဲ အသိစိတ်​လွတ်​​နေသူလို ဖြစ်​​နေပါ​စေ....
သူ့​ရှေ့​မှောက်​မှာ​တော့ ကိုယ်​ဟာ အမာ​ကျောဆုံးသူ ဖြစ်​​နေရမယ်​​လေ......

''Knock...knock....

''Han....သူ​ရောက်​​နေပြီ.....''

အခန်းတံခါးရဲ့တစ်​ဖက်​ခြမ်းစီမှ တည်​ငြိမ်​စွာထွက်​လာ​သော အသံသဲ့သဲ့.....

သက်​ပြင်းခပ်​ရှည်​ရှည်​ချကာ ​ခေါင်းကို​မော့ ရင်​ကို​ကော့လိုက်​သည်​.....
ပင်​ပန်း​ပေမယ့်​လည်း... ခဏ​လောက်​​တော့ ဟန်​​ဆောင်​​နေနိုင်​​လောက်​ပါတယ်​​လေ.....

ခဏပါပဲ.... အချိန်​ခဏကြာပြီးရင်​ အရာအားလုံးအဆင်​​ပြေသွားမှာပါ​လေ.......

••••••••••••••••PAIN•••••••••••••••

တိတ်​ဆိတ်​​နေ​သော ဧည့်​ခန်း​လေး....

လူ၅ ​ယောက်​ရှိ​နေ​ပေမယ့်​လည်း အပ်​ကျသံကြားရ​လောက်​​အောင်​ပင်​တိတ်​ဆိတ်​လျက်​.....

''ကွာရှင်းစာချုပ်​ ''

ဘယ်​အချိန်​ကတည်းကပင်​ လက်​မှတ်​ထိုးထားခဲ့ပြီးမှန်းမသိ​သော ထို ''ကွာရှင်းစာချုပ်​''အမည်​ရ စာရွက်​​လေးနှစ်​ရွက်​ကို ကိုင်​ကာ စိတ်​လွတ်​​နေသူလို ကြည့်​​နေမိတာ ဘယ်​နှမိနစ်​ရှိသွားပြီမှန်း​တောင်​မသိ.....

^^PAIN^^Where stories live. Discover now