တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ 10:00 AM ဆိုတာကို ညွှန်ပြနေသည်.....
နာရီကိုကြည့်ရင်း နံရံမှာကပ်ထားသည့်
သူနဲ့ကိုယ်လက်ထပ်တဲ့နေ့က posterကြီးကို အကြည့်ရောက်မိတော့ မထိန်းချုပ်ထားသော မျက်ရည်တို့က အတားအဆီးမဲ့ကျလာပြန်သည်....
ကျစမ်းပါစေလေ...
ဒီ့ထက်ပိုပြီး မျက်ရည်ကျစရာအခြေအနေလည်း ရှိမှာမဟုတ်တော့ပါဘူး....
ငိုကြွေးချင်သလောက် အားရပါးရသာ ငိုကြွေးလိုက်စမ်းပါ.....
ကိုယ်ဟာအပြစ်ရှိသူမို့ ထိုက်သင့်တဲ့အပြစ်ဒဏ်ကို
ခံယူဖို့အဆင်သင့်ပါ ချစ်ရသူရယ်.....
**********PAIN ***********
တဖြည်းဖြည်းချင်း ညှင်းသွဲ့သွဲ့တိုက်ခတ်နေသော လေနုအေးနှင့်အတူ ပြတင်းပေါက်နဲ့မလှမ်းမကမ်းက sakuraပင်အိုကြီးက အသာအယာ ကခုန်နေသည်...
လေညှင်းနှင့်အတူ အလိုက်သင့်စီးမျောလာသော Sakuraဖြူဖြူတို့က တစ်ခါတစ်ရံ ပြတင်းပေါက်မှန်ကို လာကပ်တတ်သည်....
ပြီးတော့လည်း သူ့အလိုလို ပြန်ကွာသွားကြစမြဲ....
မနက်ခင်းနှင့် မွန်းတည့်ကြားချိန်ဖြစ်သည့်အပြင်
ဥတုရာသီကလည်း နွေဦးမို့
သူရိန်နေမင်းက အရှိန်အဝါခပ်ဖျော့ဖျော့ဖြင့်
လောကကို အုပ်စိုးထားသည်.....
ဥဒဟို လှုပ်ရှားနေသည့် ဂျပန်လူထုကလည်း
သူ့အာရုံနှင့်သူ.... သူ့အလုပ်နှင့်သူ....
သည်လိုပြောလို့.. ကိုယ်ကရော...တွေးစရာမရှိဘူးလား.. အလုပ်မရှိဘူးလားဟု တစ်စုံတစ်ယောက်က မေးခဲ့လျှင်....
မတွေးချင်လွန်းလို့ပါ..
စဉ်းစားဖို့ရန်ပင် အင်အားမရှိလောက်အောင်
အားအင်ပြတ်လပ်သူ တစ်ယောက်လိုဖြစ်နေသောကိုယ့်အကြောင်း ကိုယ်မှ လွဲ၍ မည်သူမျှမသိ.....
တစ်စထက်တစ်စ နီးကပ်လာသော အချိန်ကြောင့်
နာကျင်လွန်းမက နာကျင်လာသော နှလုံးသားကို
သနားလွန်းကာအာရုံပြောင်းနေခြင်း ဟုပင်ဖြေရမည်....
ESTÁS LEYENDO
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~41 (Final)~
Comenzar desde el principio
