နံရံထောင့်တွက်ကပ်နေသော ထိုနာရီလေးမှ စက္ကန့်တံလေးရပ်သွားသလိုပင်
တစ်လောကလုံးက ရှိရှိသမျှ အချိန်နာရီတို့သာ
ရပ်တန့်သွားလျှင် ဘယ်လောက်ကောင်းလိုက်မည်နည်း........
သူ့လက်ကိုဆွဲကာ အဝေးဆုံးသို့ထွက်ပြေးရန်
စဉ်းစားခဲ့ဖူးပါသော်လည်း
ချစ်သက်လျာသည် ကိုယ့်လက်ကို နာကြည်းစွာ ဖြုတ်ချခဲ့သည်....
ထပ်ဆောင်းရလိုက်ပါသော
''ရွံတယ် ''ဆိုသည့် သူ့နှုတ်ထွက်စကားက
ကိုယ့်စိတ်ကို သေစေလောက်တဲ့ဒဏ်ရာ ရစေခဲ့တာ
သူမသိလေရော့သလား.....
''မှားခဲ့ပါတယ်... ဝန်ခံပါတယ်အချစ်ရယ်...
မင်းအနားကနေတော့ မောင်းမထုတ်လိုက်ပါနဲ့...
ခဏလောက် ခွဲတာက ပြဿနာမရှိပေမယ့်
တစ်သက်စာကြီးကတော့.......~~ ''
မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ
စိတ်ရှိတိုင်း ငိုကြွေးမိလိုက်သည်.....
ကိုယ့်အနားက သူ့ကိုမောင်းမထုတ်ရန်
ကတိတောင်းခဲ့သော သူသည်
ယခုတွင်တော့ ကိုယ်မောင်းမထုတ်ရပါဘဲလျက်
နှုတ်ဆက်ဖို့ရန် စိုင်းပြင်းလျက်ရှိလေပြီ.....
အနားရှိစဉ်က မြင်အောင်မှမကြည့်ခဲ့မိဘဲ oh sehunရယ်.......
ထွက်မသွားလောက်ပါဘူး...
သူကိုယ့်ဆီကနေ ရုန်းမထွက်နိုင်ပါဘူးရယ်လို့
ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မိုက်လုံးကြီးခဲ့လေသမျှ
တကယ်တမ်း ခွဲခွာဖို့ရန်ဖြစ်လာတော့
ကိုယ့်မှာ အလဲလဲအကွဲကွဲ....
ရေခြားမြေခြားထိ မရမကလိုက်လာပြီး
လက်ထပ်ခွင့်ရဖို့ အသည်းအသန်ကြိုးစားခဲ့တာက
အခုလို အဆုံးသတ်ဖို့မှ မဟုတ်ဘဲလေ ကလေးရယ်...
အသည်းမာသူ ''သူ''ဟာ
သူနဲ့လမ်းခွဲရုံတင်မက တစ်ဖက်က အမျိုးသမီးနဲ့ပါ
အိမ်ထောင်ပြုနေစေချင်ပြန်တယ်.....
ဘယ်လိုနှလုံးသားမျိုးနဲ့ ကိုယ်မနှစ်သက်သူနဲ့
အတူတူနေရပါမလဲ အချစ်ရာ....
ကိုယ်ချင်းစာကြည့်စမ်းပါလေ.....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~41 (Final)~
Start from the beginning
