Hyung ဟာ... အဘက်​ဘက်​ကလို​လေ​သေးမရှိပြည့်​စုံလွန်းသူ.....

အထူးသဖြင့်​ သမီးအတွက်​ ​ရှေ့​ဆောင်​လမ်းပြ​ကောင်းတစ်​​ယောက်
ကိုယ့်​ကိုလည်း ချစ်​သူတစ်​​ယောက်​လို​ရော အကိုကြီးတစ်​​ယောက်​လိုပါ ချစ်​ခင်​လွန်းသူ.....

ငြင်းရက်​စရာတစ်​ကွက်​မှမရှိ​အောင်​ပြီးပြည့်​စုံသူ.....

ကျွန်​​တော်​သာ Hyungနှင့်​လက်​ထပ်​လိုက်​လျှင်
နှစ်​​ယောက်​ကြားဆက်​ဆံ​ရေးက ဒီထက်​နည်းနည်းပိုလာရုံမှလွဲ၍ ဘာမှမရှိနိုင်​​တော့သည်​မို့....

ကိုယ်​သူ့ကို ပြန်​မချစ်​နိုင်​မှာလည်း သူသိ​နေပြီသားပဲမဟုတ်​လား......

တစ်​ဖက်​က​တွေးကြည့်​လျှင်​...
''သူ့''ကိုလည်း ​မေ့ပစ်​ဖို့ တွန်းအားတစ်​ခုဖြစ်​​လာ​စေနိုင်​တာမို့.....

''အင်း.... ကျွန်​​တော်​လက်​ခံပါတယ်​...''

''ဟင်​... Han...တကယ်​​ပြောတာ​နော်​..တကယ်​နော်​...''

''တကယ်​ပါ Hyungရယ်​.''

''ဒါဆို မင်္ဂလာကိစ္စကိုယ်​အမြန်​ဆုံးစီစဉ်​လိုက်​မယ်​​နော်​...
အာ...Han​ဆေးရုံဆင်းတာနဲ့ လက်​ထပ်​ကြတာ​ပေါ့...​နော်​...''

''Haha.. အဲ့​လောက်​​တောင်​​ပျော်​သလား Hyungရယ်​.... ဟုတ်​ပါပြီ... Hyung သ​ဘောပါ....''

ကွာရှင်းးပြီးသည့်​အချိန်​ကတည်းက ​ပျောက်​ကွယ်​သွား​သောအပြုံးတို့က အခုအချိန်​တွင်​ ပြန်​​ပေါ်လာခဲ့​ပေသည်​....

Hyung ဟာ ကိုယ့်​ကို အပြုံး​တွေလည်း ဖန်​တီး​ပေးနိုင်​တာပဲလား.......

••••••••••••••••PAIN ••••••••••••••

''အကြင်​နာ​ပေးနိုင်​ပါပြိ​.....''

ငြင်​သာစွာထိကပ်​လာ​သော နှုတ်​ခမ်းတစ်​စုံက
ထိုသူ့​လောက်​ ​ချိုမြိန်​မှုမရှိ​သော်​လည်း
ဂရုဏာအပြည့်​မို့ ​အေးချမ်းလွန်းလှသည်​....

အခုချိန်​​ဆို သူဟာ ​ချောင်​တစ်​ခုခုမှာ ကြိတ်​ငို​နေ​လောက်​​ရော​ပေါ့.....

ဒါ​ပေမယ့်​လည်း... ကိုယ်​တို့​တွေက သက်​ဆိုင်​သူ​တွေမှမဟုတ်​ကြ​တော့ဘဲ​လေ......

သူဟာလည်း သူ့မိသားစု ... သူ့ဘဝနှင့်​သူ...
ကိုယ်​ဟာလည်း ကိုယ့်​မိသားစုနှင့်​ကိုယ်​...

တစ်​လမ်းစီဖြစ်​သွားခဲ့ပြီ​လေ....

အမှတ်​တမဲ့​တွေ့လျှင်​ ပြုံးပြနှုတ်​ဆက်​ရုံ​လောက်​ကလွဲလို့
ဘာတစ်​ခုမှ ဆက်​နွယ်​မှုမရှိ​တော့တဲ့ သူစိမ်း​တွေ​လေ.....

ဒီလိုနဲ့ပဲ......

နှစ်​​ပေါင်းများစွာ ခဲရာခဲဆစ်​ တည်​​ဆောက်​ခဲ့တဲ့
အိမ်​​ထောင်​တစ်​ခုက
အသိစိတ်​လွတ်​ကာ ပြုမိလိုက်​တဲ့အမှားတစ်​ခု​ကြောင့်
တစ်​စစီပြိုလဲသွားခဲ့ရတာပဲ​လေ......

အဲ့လိုနဲ့ပဲ.......

သူနဲ့ကိုယ်​ဟာလည်း....

ချစ်​ချင်းကိုယ်​စီရင်​ဝယ်​ပိုက်​ကာ...
ဘယ်​​တော့မှထုတ်​​ပြောဖြစ်​​တော့မှာမဟုတ်​တဲ့
ချစ်​စကား​တွေ ကို မြိုသိပ်​​ထွေး​ပွေ့ရင်း.......

တဖြည်းဖြည်းချင်း.........

ဝေး..........ရင်း...........​ဝေး............


















17.1.2018
11:46PM
***********The End ************

3684words....

PAIN မှ နှုတ်​ဆက်​ခဲ့ပါတယ်​ အချစ်​တို့​ရေ....
No more Season 2ပါ​နော်​....
စိတ်​ကူး​ပေါက်​ခဲ့ရင်​​တော့ Extra​လေး​တွေ ​ရေးဖြစ်​မယ်​ထင်​ပါတယ်​... မ​သေချာပါဘူး......

Author ဒီအပိုင်းကို​ရေးရင်း​ တစ်​သျှူးတစ်​ထုပ်​ကုန်​သွားပါတယ်​.. 😢😢😢
တစ်​ခါတည်း​ကြော်​ငြာခဲ့ပါရ​စေ....

TWO SIDES OF A STORY

Sweet​လေး လာပါမယ်​​နော်​... Libraryထဲ ထည့်​​ပေးထားကြ​နော်​ 😍
So........... Bye Bye.....




^^PAIN^^Where stories live. Discover now