''Han... ထမင်းစားသင့်​ပြိ...''

ခေါင်းမြီးခြုံအိပ်​​နေရာမှ ​ကြားလိုက်​ရ​သောအသံ​လေး​ကြောင့်​ အနည်းငယ်​လှုပ်​မိသွားသည်​...

သို့​သော်​ ​စောင်​ထဲကမထွက်မိ.....

ဘယ်​သူ့က်ုမှလဲမ​တွေ့ချင်​...
ဘာမှလည်းမစားချင်​.....

ဖြစ်​နိုင်​ရင်​ ဦး​ဏှောက်​ကိုထုတ်
သူနဲ့ပတ်​သက်​တဲ့ကိစ္စ​တွေအားလုံး အမှုန်​အမွှား​လေး​တောင်​မမှတ်​မိရ​လောက်​​အောင်​ ​ဆေး​ကြောပစ်​ချင်​သည်​....

ဘယ်​လို​နေ​နေ အမှတ်​ရစရာ​တွေချည်းမို့
ခံစားရတဲ့သူက မသက်​သာလှ.......

''3ရက်​​တောင်​ရှိပြီ... အစာမစားဘဲ ​ရေဘဲလှိမ့်​​သောက်​​နေတာ.. ကြာရင်​ မင်းလဲသွားလိမ့်​မယ်​ Luhan....''

နာမည်​အပြည့်​အစုံပါ​ခေါ်လာပြီမို့ Hyung ​ဒေါသထွက်​​နေပြိ​မှန်းသိလိုက်​သည်​.....

ဒါကလဲ ဂရုဏာ​ဒေါသ သာဖြစ်​မှာပါ.....
သူဆိုတာ သိပ်​ကို စိတ်​ပူတတ်​တာကိုး......

''အင်းပါ... ကျွန်​​တော်​​အောက်​ဆင်းခဲ့မယ်​..ခဏ​နေ....''

သက်​ပြင်းချသံခပ်​သဲ့သဲ့ကြားရပြိး​နောက်​ တံခါးပိတ်​သံပါ
ကြားလိုက်​ရသည်​....

ထိုအခါမှ ​စောင်​ထဲက ထွက်​ကာ မတ်​တပ်​ရပ်​ရန်​ကြိုးစားမိသည်​...

နာရီ​ပေါင်းအ​တော်​ကြာ ​ခွေအိပ်​​နေခဲ့တာမို့
မတ်​တပ်​ရပ်​ရပ်​ချင်း ​သေချာမရပ်​နိုင်​....

ဒုတိယအကြိမ်​ကြိုးစားမှသာ ​သေချာရပ်​နိုင်​ခဲ့သည်​...

အခန်းတံခါးကို အသာဖွင့်​ကာ ​အောက်​ထပ်​ဆင်းခဲ့သည်​...

နေပါဦး..... ​လှေကား​တွေက ဘာလို့နှစ်​ထပ်​​တွေဖြစ်​...ဖြစ်​....

''HAN !!!!!.....''

အိုး.... ​လောကကြီး...

ဒီအ​မှောင်​ထုကို ကျွန်​​တော်​သိပ်​သ​ဘောမကျဘူးရယ်​......

••••••••••••

''Han..သတိရပြီလား.....''

မျက်​လုံးဖွင့်​ဖွင့်​ချင်း မြင်​လိုက်​ရတာက ရှုပ်​ပွ​နေ​သော ​ခေါင်းတစ်​လုံး...

^^PAIN^^Where stories live. Discover now