ကိုယ်​တိုင်​​တောင်​ အသိစိတ်​ထဲရှာမရတဲ့ အမှားတစ်​ခုအတွက်​ ​ပေးဆပ်​ရတာက ကြီးမားလိုက်​တာ.....

''အား..!!!!!!!!!! ''

အံကိုတင်းတင်းကြိတ်... လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကာ လည်​ပင်း​ကြောများ​ထောင်​သည်​အထိ ​အော်​လိုက်​​သော်​လည်း ဆို့နင့်​​နေမှုများက အနည်းငယ်​မှ​ပြေ​လျော့မသွား.....

အခွင့်​အ​ရေးတစ်​ခု​လောက်​ပဲထပ်​​ပေးပါ...
အရာရာကို အမှားအယွင်းမရှိဘဲ အစက​နေပြန်​စချင်​တယ်​...

ဟိုး... ငယ်​ငယ်​.. စသိခဲ့တဲ့အချိန်​ကိုပြန်​သွားပြီးအရာရာ အသစ်​ကပြန်​စကြမယ်​.....

အမဲစက်​​သေး​သေး​လေး​တောင်​ မထင်​ရ​စေ​အောင်
Relationship ကို အတတ်​နိုင်​ဆုံးဂရုစိုက်​မယ်​....

ဒါ​ပေမယ့်​....ခု​တော့.......ခု​တော့.........

*************PAIN**********

၂ ပတ်​....
၂ပတ်​ဆိုတဲ့အချိန်​က ကိုယ့်​အတွက်​သိပ်​ရှည်​ကြာလွန်းတယ်​.....

ဒီ၂ပတ်​အတွင်းမှာ... ထားခဲ့​လေသူ ''သူ ''က​တော့
ဘယ်​လို​နေမှန်းမသိ....

ကိုယ့်​အတွက်​က​တော့ ပတ်​ဝန်းကျင်​တိုင်းက​ခြောက်​ကပ်​​အေးစက်​လျက်​.....

နွေး​ထွေး​စေတဲ့ရင်​ခွင်​တစ်​ခုမရှိ​တော့တဲ့
အေးစက်​စက်​အသက်​မဲ့ မနက်​ခင်း​တွေမှာ နိုးထရတဲ့အခါတိုင်း ကိုယ်​အဆင်​မ​ပြေဘူး က​လေး..

တီတီတာတာ​ပြောပြီးချွဲတတ်​တဲ့ နှုတ်​ခမ်းချွန်​ချွန်​​လေး
ကို မနမ်းရှိုက်​ရ​တော့တဲ့အခါ ကိုယ်​မ​နေတတ်​ဘူး....

ပွတ်​သီးပွတ်​သပ်​နဲ့ ရင်​ခွင်​ထဲတိုးဝင်​တတ်​တဲ့
ကိုယ်​​သေး​သေး​လေး ရုတ်​တရက်​​ပျောက်​သွားချိန်​....

ကိုယ်​ တကယ့်​ကိုအဆင်​မ​ပြေဘူးက​လေး....

ပြန်​လာခဲ့ပါ​တော့.......

နေ့တိုင်းအိမ်​သန့်​ရှင်း​ရေး​တွေလည်းလုပ်​ထားပါတယ်
မျက်​ရည်​​တွေနဲ့​လေ...

က​လေးကြိုက်​တာ​တွေကိုလည်း ချက်​ထားတယ်​...
က​လေးကကိုယ်​ချက်​တာ​တွေသိပ်​ကြိုက်​တာမလား...

က​လေးကျန်​ခဲ့တဲ့အဝတ်​​တွေလည်း ​လျှော်​ပြီး ​ဗီရိုထဲထည့်​ထား​ပေးတယ်​...
ဒါမှက​လေးပြန်​လာတဲ့အခါ အဆင်​သင့်​ဖြစ်​​နေမှာ​လေ....

က​လေးဟာ ကိုယ့်​ရဲ့အသက်​သည်းညှာမှန်း သိသားနဲ့က​လေးရယ်​....
ကျေးဇူးပြုပြီး... မင်းမရှိရင်​လုံးဝအဆင်​မ​ပြေတာမို့်​​လေ....

ပြန်​လာခဲ့ပါက​လေးရယ်​......

*************PAIN***********

New Yearမှာ​ပျော်​ရွှင်​ကြပါ​စေ.... 🌟🌟🌟🌟

Fb မှာ ကိုယ်​နဲ့နာမည်​တူတစ်​​​ယောက်​ကိုင်းကူးသွားတာကို ​တော်​​တော်​များများက ကိုယ်​လို့ထင်​​နေကြတယ်​ 😢😢 ​​နောက်​ပြီး ဒီauthorက Luhan biasပါ ​နော်​... 😢😢😢 ကူးသွားတဲ့တစ်​​ယောက်​က Baekhyun biasပါ... 😢😢😢 မမှားကြပါနဲ့.....

^^PAIN^^Where stories live. Discover now