မင်းသာမရှိရင်​... ကိုယ်​ဆိုတာလည်း ဆက်​ပြီးတည်​ရှိနိုင်​မယ်​လို့များ ထင်ေ​နသလားအချစ်​ရာ.......

''ခင်​​ဗျား ​....ခင်​​ဗျားလူစိတ်​မရှိဘူးလား....​ယောက်ျား​ကောင်းဆိုတာ ကိုယ့်​အမှားကိုယ်​တာဝန်​ယူတတ်​ရမှာ​ပေါ့... ခင်​​ဗျားမရှက်​​ပေမယ့်​ ကျွန်​​တော်​ရှက်​တယ်​.. ဒီလိုစိတ်​ဓာတ်​မျိုး ခင်​​ဗျားမှာရှိလိမ့်​မယ်​လို့မထင်​ထားဘူး.... ထွက်​သွား.... အခုချက်​ချင်းထွက်​သွား...ခင်​​​ဗျားမျက်​နှာကိုလုံးဝမမြင်​ချင်​ဘူး....!!!''

''မသွားနိုင်​ဘူး... မင်းနဲ့​ဝေးတဲ့ ဘယ်​​နေရာကိုမှကိုယ်​ထွက်​မသွားနိုင်​ဘူး Xiao Lu.....''

ထိုင်​​နေရာက​နေ ထရပ်​ပြီး​ပြောလိုက်​​တော့ သူက
ခပ်​​ထေ့​ထေ့ပြုံးသည်​....

သူ့အပြုံး​တွေအားလုံးကို ကျွန်​​တော်​ကြိုက်​​ပေမယ့်
ဒီအပြုံးကြိးကိုမကြိုက်​ဘူး.....
တစ်​ခုခုမ​ကောင်းတဲ့အ​ငွေ့အသက်​ကြီးခံစားရတယ်​....

''​ကောင်းပြီ​လေ.... မင်းမသွားရင်​ ငါသွားမယ်​....
အဓိက က မင်းနဲ့အ​ဝေးမှာရှိဖို့ပဲ.... ''

မဲ့ပြုံးတစ်​ချက်​ပြုံးပြီး အခန်းထဲဝင်​သွားတဲ့သူ့ကို အချိန်​အ​တော်​ကြာ ရပ်​ကြည့်​​နေမိတယ်​....

ထို့​နောက်​ luggage တစ်​လုံးဆွဲကာ ကား​​မောင်းထွက်​သွားတဲ့အထိ သူ့ကိုပဲလိုက်​ကြည့်​​နေမိတယ်​....

အခုချိန်​စိတ်​ထဲမှာ ဘာမှမရှိ....
ဘာခံစားချက်​မှန်းကိုမသိ....

လောကကြီးတစ်​ခုလုံးကို လက်​လွှတ်​လိုက်​ရသလို.....
ကမ္ဘာကြိးကို ပိုင်​ဆိုင်​ရပြီးကာမှ ဆုံးရှုံးလိုက်​ရသလို....

ရင်​ထဲဟာလာဟင်းလင်း....

တစ်​​လောကလုံးကို ရှုံးသွားတဲ့အရှုံးသမားတစ်​​ယောက်​လိုမျိုး ​ခြေပစ်​လက်​ပစ်​ထိုင်​ချလိုက်​မိ​တော့
နှလုံးဆီက ဆို့နင့်​မှုက ရင်​ဝထိ​ရောက်​လာသည်​......

မဖြစ်​ဘူး​လေ... မလုပ်​ပါနဲ့... မရက်​စက်​ပါနဲ့.....
မင်းမရှိရင်​ ဒီလူရူး​သေလိမ့်​မယ်​ က​လေးရ.....

^^PAIN^^Where stories live. Discover now