''လွှတ်​စမ်း.... ရွံတယ်​... ခင်​​ဗျားခန္ဓာကိုယ်​ကို​ရော.. ​ခင်​​ဗျားရဲ့ အနှစ်​သာရမရှိတဲ့ချစ်​စကား​တွေ​ရော.. အားလုံးကိုရွံတယ်​ !!!.... '

ဖက်​ထားတဲ့လက်​​တွေကို အတင်းရုန်းထွက်​ကာ
ခပ်​လှမ်းလှမ်းက​နေ နာကြည်းမှု​တွေဖြင့်​ လှမ်း​ပြော​နေ​သော
သူ့ကို ကြည့်​ပြိး ကျွန်​​တော့်​ရင်​​တွေနာလာတယ်​....

မလုပ်​ပါနဲ့....
ခံနိုင်​ရည်​မရှိလို့ပါ..... သူ့အချစ်​နဲ့​ဝေးတဲ့တစ်​စက္ကန့်​စီတိုင်းက ကိုယ့်​ကိုသတ်​​​နေသလိုပဲဆိုတာ သူသိလျက်​နဲ့......

''Xiao Lu ah....
ကိုယ်​ရှင်းပြမယ်​...မဟုတ်​ဘုး...အဲ့ဒါကအမှန်​မဟုတ်​ဘူး...''

သူ့​ရှေ့နားဒူး​ထောက်​ထိုင်​ချလိုက်​ပြိး ရှင်းပြဖို့ကြိုးစား​ပေမယ့်​ ကိုယ်​တိုင်​က ဘယ်​ကဘယ်​လိုစရှင်းပြရမှန်းမသိ......

''ရှင်းပြကြည့်​​လေ... ဟား.... ခင်​​ဗျားကိုယ်​တိုင်​​တောင်​ဘာမှမမှတ်​မိဘဲ ကျွန်​​တော့်​ကိုဘာ​တွေရှင်းပြချင်​​နေရတာလဲ.... ဒါ​ပေမယ့်​​လေ... ကျွန်​​တော်​ကသိ​နေတယ်​.... အား....လုံး....ကို...သိပြိးပြီခင်​​ဗျားရဲ့....''

နာကျင်​မှု ​ဖြေမဆည်​နိုင်​မှု​တွေနဲ့​ရော​ထွေး​နေတဲ့ သူ့မျက်​ဝန်း​တွေကို ရင်​မဆိုင်​နိုင်​စွာ ​​ခေါင်းငုံ့လိုက်​​တော့ သူက ဟက်​ခနဲ ရယ်​သည်​.......

''အဲ့​နေ့ညက.. ခင်​​ဗျားအဲ့မိန်းမဆီသွားတဲ့ညက.. ကျွန်​​တော့်​သမီး​လေးအသည်းအသန်​ဖြစ်​တဲ့ညက​ပေါ့.....
အဲ့မိန်းမအိမ်​က ​ရေခဲ​သေတ္တာထဲက ပုလင်းအလွတ်​နဲ့ထည့်​ထားတဲ့အရက်​​တွေကိုခင်​​ဗျား​သောက်​ခဲ့တယ်​​လေ....''

ပြန်​စဉ်းစားကြည့်​​တော့...အင်း.. အဲ့ညက အ​တော်​​လေး​အေးခဲ့တာ.... အစက ​​ရေထင်​လို့​သောက်​ခဲ့တဲ့ အဲ့ပုလင်းထဲကအရာဟာ လျှာ​ပေါ်​ရောက်​​တော့မှ အရက်​​တွေမှန်းသိခဲ့ရတာ..... အခန်းထဲမဟုတ်​ဘဲ ဧည့်​ခန်းထဲငုတ်​တုတ်​ထိုင်​​နေတဲ့ကျွန်​​တော့်​အတွက်​ အ​နွေးဓာတ်​နည်းနည်းရ​အောင်​ ထပ်​ပြိးနည်းနည်း​လောက်​​သောက်​ခဲ့​မိသည်​​လေ.....

^^PAIN^^Where stories live. Discover now