''အဟား.... ဒီမိန်းမ ရှုပ်​ပြန်​ပြိပဲ... သူ့အ​ကြောင်းမသိတာလဲမဟုတ်​ဘဲ Xiao Luရယ်​... အ​ခြေအမြစ်​မရှိတာ​တွေ.. ​နောက်​ပြီးသူ့မှာကိုယ်​ဝန်​ရှိတယ်​ပဲထားဦး.. အဲ့ကိုယ်​ဝန်​က ကိုယ့်​ကိုယ်​ဝန်​မဖြစ်​နိုင်​ဘူး... သူနဲ့ကိုယ်​ဘာမှမဖြစ်​ခဲ့.........ဟင်​ ......''

စာရွက်​​တွေတစ်​ရွက်​ပြိးတစ်​ရွက်​လှန်​​နေရင်း
ခပ်​​ပေါ့​ပေါ့​ပြော​နေတဲ့ ကျွန်​​တော့်​စကား​တွေက တစ်​​နေရာအ​ရောက်​မှာ အလိုလိုရပ်​တန့်​ကုန်​တယ်​....

အဟား......
မ..မဖြစ်​နိုင်​တာကြီး....ဒါကြီးက.......

သူမနဲ့ကိုယ်​နဲ့ ဘယ်​တုန်းကမှ ဘာမှမဖြစ်​ခဲ့တာကိုယ်​အသိဆုံး......

ဒါကြီးက............

''အဟက်​... ဘာငြင်းဦးမလဲ... ဟမ်​.....
DNA စစ်​ချက်​ထွက်​လာတာ​တောင်​ ခင်​​ဗျားကငြင်းချင်​​သေးတာလား.... ​ပြောစမ်းပါ... Oh Sehunရဲ့... အယုတ်​တမာ​ကောင်​ရဲ့....''

ဒေါသတကြီး​ပြော​နေရင်းက​နေ မျက်​ရည်​​တွေကျလာကာ
ကျွန်​​တော့်​ရင်​ဘတ်​ကို တဖုန်းဖုန်းထုလာသူ.......

''အား........!!!!.... မုန်းတယ်​... မုန်းတယ်​လို့.....''

ကျွန်​​တော့်​အင်္ကျီရင်​ဘတ်​နားကို လက်​တစ်​ဖက်​ကဆုပ်​ကိုင်​ ...
တစ်​ဖက်​က ကျွန်​​တော့်​ရင်​ဘတ်​ကိုထုရင်း သည်းထန်​စွာငို​ကြွေး​နေသူကို ကြည့်​ရင်း လူကမွန်းကျပ်​လွန်းမကျမွန်းကျပ်​လာသည်​......

ဘာလဲ... ဘာ​တွေလဲ.......
ဦး​ဏှောက်​ကို ပြင်းပြင်းထန်​ထန်​ခိုင်း​စေကာ
စဉ်းစားကြည့်​​သော်​လည်း ထိုကိစ္စနှင့်​ပတ်​သက်​သည့်​ အ​ကြောင်းအရာက စိုးစဉ်းမျှပင်​ဆက်​စပ်​မရ.....

ကိုယ်​တိုင်​​တောင်​မသိလိုက်​​သော အ​ခြေအ​နေတစ်​ခုအတွက်
ကျွန်​​တော်​က ချစ်​သူနဲ့လမ်းခွဲရ​တော့မှာလား......

ဒါကြီးက အဓိပ္ပါယ်​မရှိဘူး​လေ.....
လောကကြီးက မတရားဘူး....
မဖြစ်​သင့်​ဘူး​လေ.......

မုန်းတယ်​ဟုသာ တဖွဖွ​ပြောရင်း
နင့်​နင့်​သည်းသည်းရှိုက်​ငို​နေ​သောသူ့ကို
ဘာမှ​တွေးမ​နေဘဲ ရင်​ခွင်​ထဲဆွဲထည့်​ထားလိုက်​​တော့
အတင်းရုန်း​နေပြန်​သည်​......

^^PAIN^^Where stories live. Discover now