💢💢💢💢

လည်​ထွက်​​သွား​သော ကျွန်​​တော့်​မျက်​နှာထက်​က နာကျင်​မှု...
တစ်​ပြိုင်​နက်​ခံစားလိုက်​ရတာက နှုတ်​ခမ်း​ထောင့်​စွန်းဆီမှ ပူ​နွေး​နွေးအရည်​အချို့......

ရုတ်​တရက်​ ကျွန်​​တော့်​လည်​ပင်းထက်​က​ကော်​လံစကို
ဆွဲကိုင်​ခံလိုက်​ရသလို နံရံနှင့်​​ကျောပြင်​ဟာလည်း ကပ်​လျက်​သား.....

''ခင်​​ဗျား ​သောက်​ကျင့်​နဲ့နှိုင်းပြီး ​သောက်​​စကားမ​ပြောနဲ့..!!.. ဒီအ​ခြေအ​နေထိ​ရောက်​​အောင်​ဘယ်​သူလုပ်​ခဲ့သလဲ....
ရည်းစား​ဟောင်းနဲ့ အိပ်​ခဲ့တဲ့အထိ.. အဲ့မိန်းမကိုယ်​ဝန်​ရတဲ့အထိ ​ဖောက်​ပြန်​ခဲ့တာဘယ်​သူလဲ...ဟမ်​... ​ပြော​လေ.. ​ပြောစမ်းပါ... !!! ''

လည်​ပင်း​ကြောများ​ထောင်​လာတဲ့အထိ ​ဒေါသတကြီး​ပြော​နေတဲ့ သူ့သွင်​ပြင်​ကို ပထမဆုံးမြင်​ဖူးခြင်းပင်​.....

သူ့နှုတ်​ခမ်းကထွက်​လာ​သော စကားလုံးတစ်​လုံးစီတိုင်းက ကိုယ့်​ကိုအကြိမ်​ကြိမ်​အဖန်​ဖန်​ သတ်​​နေသလို...

ဘာရယ်​...
ဘယ်​လို.... ကျွန်​​တော်​က ex နဲ့အတူအိပ်​တာ....
နောက်​ပြီး .... ကိုယ်​ဝန်​......

''Lu.. ဘာ​တွေ​ပြော....''

''​ရော့.. အဲ့မှာကြည့်​လိုက်​... ''

ရင်​ဘတ်​ကို ​နောက်​တစ်​ကြိမ်​လာထိမှန်​​သော တစ်​စုံတစ်​ရာ...
ကွာရှင်းစာချုပ်​​တော့မဟုတ်​.. ​နောက်​ထပ်​စာအိတ်​တစ်​အိတ်​......

ကြမ်းပြင်​နှင့်​ထိလုဆဲဆဲ စာအိတ်​အညို​လေးကို
ကမန်းကတမ်းလှမ်းဆွဲလိုက်​​တော့ စာအိတ်​အစွန်း​လေးက ကိုယ့်​လက်​​ချောင်း​တွေကြားထဲ ညှပ်​ပါလာခဲ့သည်​.....

တုန်​တုန်​ယင်​ယင်​ဖြင့်​ ကပ်​ထား​သော​နေရာအားဆွဲဖွင့်​လိုက်​​တော့ စာရွက်​ထိပ်​စွန်းမှာ ​ချွေး​စေး​လေး​တွေက ကပ်​ကျန်​ခဲ့​လေရဲ့....

ဆေးစစ်​ချက်​...........

ကိုယ်​ဝန်​ရှိ​​နေ​ကြောင်း​ဆေးစစ်​ချက်​​တွေ....

နာမည်​က.... Lee Hari....

အဟား........
လတ်​စသတ်​​တော့ ဟိုမိန်းမ​မွှေလိုက်​ပြန်​ပြိ​ပဲ.....
သူ့အ​ကြောင်းလဲသိလျက်​နဲ့ အချစ်​က အလွယ်​တကူယုံကြည်​ခဲ့ပြန်​ပြီလား.. Tsk.....

^^PAIN^^Where stories live. Discover now