''Xiao Lu ah.. မင်းထင်သလိုမဟုတ်ပါဘူးကွာ...
ကိုယ့်ဖုန်းကအားကုန်သွားပြီး ပိတ်သွားတာပါ..ပြီးတော့ မနက်မှပြန်လာတာကလည်း ကိုယ်ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားလဲမသိဘူး.... ဂိမ်းဆော့ရင်းနဲ့ အိပ်ပျော်သွားတာပဲ... အဲ့ဒါကြောင့်ပါကွာ...
ကိုယ်...ကိုယ်တောင်းပန်ပါတယ် Xiao Luရာ....''
ကျွန်တော့်ပုခုံးလေးကိုကိုင်ကာ မျက်ရည်တွေဝဲလျက်
တောင်းပန်နေသော သူကို ခုချိန်မှာ နည်းနည်းလေးတောင်မသနားမိပါ.....
ကိုယ့်ကိုယ်ကိုယ်ပဲ သနားသည်.....
သူ့လိုလူကို အသက်ထက်မြတ်နိုးနေမိတဲ့ ကိုယ့်ကိုယ်ကိုပဲ သနားမိသည်......
''သြော်..ဒါဆို ခင်ဗျားက အဲ့မိန်းမအိမ်မှာ အခန့်သားအိပ်ပျော်နေတဲ့အချိန် ကျွန်တော်ကတော့ အရူးတစ်ယောက်လို ပြေးလွှားနေခဲ့တာပေါ့လေ...
အဟက်..တရားလိုက်တာ.. ခင်ဗျားမသွားခင် ဘာကတိပေးခဲ့လဲ.... စောစောပြန်လာမယ်ပြောခဲ့တာမဟုတ်လား..ဟမ်.... ခင်ဗျားအကြောင်းသိလို့ သေချာပေါက်ကတိတောင်းခဲ့တာကိုတောင်....ခင်ဗျားဗျာ......''
ပါးပြင်ပေါ်ကမျက်ရည်တွေကို ခပ်ကြမ်းကြမ်းဆွဲသုတ်ကာ သူနဲ့မျက်နှာလွှဲလိုက်သည်...
''ကျွန်တော်ခင်ဗျားကို သိပ်စိတ်ပျက်တယ် Oh Sehun... ဒါပေမယ့်လည်းလေ... ကျွန်တော့်နှလုံးသားက ခင်ဗျားကို သိပ်လိုအပ်နေတယ်... ခင်ဗျားကိုလက်လွှတ်ဖို့အဆင်သင့်မဖြစ်သေးဘူး...
အဲ့တော့လေ... ပြောခဲ့သလိုပဲ... အဆင်ပြေသလိုနေပေါ့... ဘေးကထွက်မသွားဖို့ပဲ မျှော်လင့်ပါတော့တယ်.. တကယ်ပါ....''
ပြောပြီးတာနဲ့ သူနဲ့ဝေးရာပြေးထွက်လာတဲ့ကျွန်တော်...
နောက်ကလိုက်ပြီး ဆွဲဖက်ထားပေးပါလား...
ကျွန်တော်နားခိုဖို့ ခင်ဗျားရင်ခွင်လိုအပ်နေတယ်....
တောင်းပန်ပါတယ်... ထပ်မမှားတော့ပါဘူးလို့ အပြေးလေးလာပြီး ကတိပေးစမ်းပါ..
ဒီသောက်ရူးက သောက်မှတ်မရှိ ယုံပေးနေဦးမှာမို့....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
