တွေးမိရင်​ စိတ်​နာချင်​စရာ​တွေအပြည့်​.......

''Lu...ဘယ်​ထိဆက်​သွားမလို့လဲ.. Xiao lu...
အ.....''

ခေါင်​မိုးထပ်​​ရောက်​​သော်​လည်း မရပ်​​သေးဘဲ အစွန်းနားထိဆက်​​လျှောက်​​နေ​သော ကျွန်​​တော်​....

သူ့​ခေါ်သံ​ကြောင့်​ ​နောက်​လှည့်​လိုက်​ရာ
သူက ကျွန်​​တော်​နှင့်​လက်​တစ်​ကမ်းအကွာ......

ဒေါသ​တွေက အရှိန်​နှင့်​​ပေါက်​ထွက်​လာကာ
ပုံချမိသည်​က သူ့ပါးပြင်​ထက်​ဆီ.....

အ....ခနဲ​​အော်​​သော သူ့အသံက
ကျွန်​​တော့်​နှလုံးသားကို တဆတ်​ဆတ်​နာကျင်​​စေ​သော်​လည်း စိတ်​ကိုပြန်​တင်းထားမိသည်​.....

''ဘာ​တွေလုပ်​​နေတာလဲ...ဟင်​....
မနက်​မှပြန်​လာရ​လောက်​​အောင်​ အဲ့မိန်းမနဲ့ဘာ​တွေအ​ရေးကြီး​နေလို့လဲ.... ​ပြောစမ်းပါ.....ဟမ်​... Oh Sehun... ခင်​ဗျားသမီး ​သေ​တော့မလို့...ခင်​​ဗျား​သေ​လောက်​​အောင်​ချစ်​တဲ့ ခင်​​ဗျားသမီး မ​နေ့ညက ​သေ​တော့မလို သီသီ​လေးပဲလိုတာ ခင်​​ဗျားသိလားလို့....
ဟက်​.... ကျွန်​​တော့်​မှာ​တော့​လေ.. အရူးမီးဝိုင်းကိုဖြစ်​လို့... လင်​ဖြစ်​သူကိုများအားကိုးရမလားဆိုပြီး ဖုန်းဆက်​​တော့ လင်​​တော်​​မောင်​က ဖုန်းပိတ်​ထား​လေရဲ့.... အဟား.... ညဉ့်​နက်​သန်း​ခေါင်​ လူသွားလူလာမရှိ.. ကားငှါးမရတဲ့အ​ခြေအ​နေမျိုးမှာ သတိလစ်​​နေတဲ့သမီးနဲ့ ကျွန်​​တော်​ ဘယ်​​လောက်​ထိဒုက္ခ​ရောက်​ခဲ့သလဲ....
အဲ့ဒါ​တွေခင်​​ဗျားသိလား.....ဟမ်​.... ''

သူ့ပခုံးကြမ်းကြမ်းဆွဲလှုပ်​ကာ
မြိုသိပ်​ထားသမျှ ဖွင့်​အံမိ​တော့ သူက ​တစ်​ခုခု​ပြောရန်​ ဟန်​ပြင်​သည်​.....

''Hyung သာမလာခဲ့ရင်​​လေ....
မ​နေ့က အဲ့အချိန်​ Suho Hyungနဲ့သာမ​တွေ့ခဲ့ရင်​​လေ... ကျွန်​​တော်​​ရော Kiki​ရော ​သေ​နေ​လောက်​ပြီခင်​​ဗျားသိရဲ့လား....... လင်​​ယောက်ျားက တခြားမိန်းမတစ်​​ယောက်​အိမ်​​ရောက်​​နေချိန်​မှာ ကူကယ်​ရာမဲ့​နေတဲ့ ကျွန်​​တော့်​ကို ဘာမှမသက်​ဆိုင်​တဲ့ သူစိမ်းက လာကူညီသွားခဲ့တာ... ခင်​​ဗျားရှက်​တတ်​ရင်​လဲ​သေလို့ရတယ်​ သိလား....''

^^PAIN^^Where stories live. Discover now