တံခါးဝကို ကြည့်​လိုက်​​တော့ ​ချွေးအနည်းငယ်​စို့​နေပြီး
မောပန်း​နေပုံရတဲ့သူဟာ ကျွန်​​တော်​တို့နှစ်​​ယောက်​ကို
စိတ်​ပူတဲ့မျက်​ဝန်း​တွေနဲ့ကြည့်​​နေ​လေသည်​.....

''သမီး....သမီးက ဘာဖြစ်​တာလဲ Lu....''

ကုတင်​​​ပေါ် ​ဘေးတ​စောင်းဝင်​ထိုင်​ရင်း
သမီးဆံနွယ်​​လေး​တွေကို သိပ်​တင်​​ပေးကာ ​မေးလာတဲ့သူ့မျက်​ဝန်း​တွေမှာ စိုးရိမ်​မှုဆိုတဲ့အ​ငွေ့အသက်​​တွေက အများသား........

''အ​အေးမိပြီးဖျားသွားတာ...
နဂိုကိုယ်​ခံအားနည်းတဲ့အခံ​ကြောင့်​ သတိလစ်​သွားတာတဲ့.... ''

ကျွန်​​တော့်​စကားအဆုံးသူက သက်​ပြင်း​မောကြီးတစ်​ခုချကာ သမီးနဖူးထက်​အနမ်းဖွဖွ​ချွေသည်​.....

ကုတင်​​ပေါ်က သမီးက​တော့ ​ဆေးအရှိန်​​ကြောင့်​အိပ်​​မောကျလို့......

''Hun.. ကျွန်​​တော်​တို့စကားနည်းနည်း​ပြောဖို့လိုမယ်​မထင်​ဘူးလား....''

သူ့မျက်​နှာကို ​စေ့​စေ့ကြည့်​ကာ ခပ်​တင်းတင်း​ပြောလိုက်​​သော​ကြောင့်
သူသည်​လည်း မျက်​လွှာချကာ အပြစ်​ရှိသူတစ်​​ယောက်​လို ပြုမူသည်​....

''လိုက်​ခဲ့ပါ...''

သူ့​ရှေ့က ထကာ ​ဆေးရုံ​ခေါင်​မိုးထပ်​သို့ဦးတည်​လိုက်​သည်​.......

ခပ်​မြန်​မြန်​​​လျှောက်​​နေ​သော ကျွန်​​တော့်​​နောက်​ကပ်​ပါလာ​သော ​ခြေလှမ်းကျဲကြီး​တွေရဲ့အသံကိုကြား​နေရ​ပေမယ့်
တစ်​ချက်​လှည့်​မကြည့်​ဖြစ်​......

သူ့ကို​တွေ့လိုက်​ရချိန်​ မျက်​စိထဲမြင်​​ယောင်​လာ​သော
မ​နေ့ကအဖြစ်​အပျက်​​တွေ​ကြောင့်​ လက်​ရှိစိတ်​အ​ခြေအ​နေက
လုံးဝအဆင်​မ​ပြေ......

Suho Hyung သာ​ရောက်​မလာခဲ့ရင်​....

မ​နေ့က သန်း​ခေါင်​ယံကြီး Hyung သာ အလုပ်​ကိစ္စ​ကြောင့်​ အိမ်​နားကဖြတ်​မပြန်​ခဲ့ရင်​.......

သူ့ကိုဆက်​သွယ်​လို့မရတဲ့ကျွန်​​တော်​ဟာ
လူသွားလူလာပြတ်​​နေတဲ့လမ်းမလယ်​​ခေါင်
သတိလစ်​​နေတဲ့ က​လေးနဲ့ ဘယ်​လိုနှပါးသွားကြမလဲ.....

^^PAIN^^Where stories live. Discover now