ကျွန်​​တော့်​တရားဝင်​ခင်​ပွန်းက​တော့........

''Han..ဖုန်းလာ​နေတယ်​.... ''

စိတ်​နဲ့လူဘယ်​​လောက်​ထိကင်းကွာသွားသလဲဆို
အင်္ကျီအိပ်​ကပ်​ထဲထား​သောဖုန်းက တုန်​ခါ​နေမှုကို​တောင်​ သတိမပြုမိနိုင်​​လောက်​​အောင်​.......

ကျွန်​​တော့်​ပခုံးကို ဆွဲလှုပ်​ကာ သတိ​ပေး​သော Hyungသာမရှိလျှင်​...
ဒီဖုန်း၏ တုန်​ခါမှုကို ကျွန်​​တော်​သိလိမ့်​မည်​မဟုတ်​....

သူ့အ​ကြောင်း​တွေးတိုင်း....
သူဆိုသည်​မှာ စိတ်​ထဲ​ရောက်​လာတဲ့အချိန်​တိုင်း....

ရုပ်​နဲ့နာမ်​ကွဲကွာသွားတတ်​တဲ့ကိုယ့်​အကျင့်​က
ဘယ်​​တော့များမှ ​ပျောက်​ပါလိမ့်​မလဲ​လေ......

❤Hun❤

Contact name​လေးကို ကြည့်​ရင်း
ထပြ်​ပုံးမိလိုက်​သည်​.....

နောက်​ဆုံး​တော့ သူဖုန်း​ခေါ်လာခဲ့ပြီပဲ....

''အင်း.. Hun ​ပြော​လေ ...''

''Xiao Luဘယ်​မှာလဲ.. သမီး​ရော..
ဒီအချိန်​က က​လေး​ကျောင်းသွားချိန်​မှမဟုတ်​​သေးတာ... ဘယ်​သွား​နေတာလဲအချစ်​.. ကိုယ်​အိမ်​မှာမ​တွေ့လို့....''

''Hun... ကျွန်​​တော်​တို့ ​ဆေးရုံမှာ..... ''

''ဘာရယ်​......''

တအံ့တသြ​ရေရွတ်​လိုက်​​သော သူ့အသံ....

''အွန်း... သမီး​နေမ​ကောင်းဘူးHun.. သတိလစ်​သွားလို့​ဆေးရုံတင်​ထားရတယ်​... ***​ဆေးရုံကို.....
Hello...Hello Hun.... ''

ဆေးရုံနာမည်​​ပြောပြီးတာနဲ့ ဖုန်းချသွား​သောသူ့​ကြောင့်
ကျွန်​​တော်​ ပြုံးရုံတင်​မဟုတ်​ဘဲ ထရယ်​မိလိုက်​သည်​.....

သြော်​....
စိတ်​​တော့ပူတတ်​သား​ပဲ......

နံ​ဘေးနားက တစ်​​ယောက်​​ယောက်​သာ အကြားအာရုံ​ကောင်းလျှင်​ ကျွန်​​တော့်​ရယ်​သံများထဲတွင်​ ​လှောင်​သံအချို့စွက်​​နေသည်​ကို သိ​ကောင်းပါရဲ့.......

••••••••••

''Lu''

အခန်းတံခါး ဆွဲဖွင့်​သံနဲ့ နာမည်​​ခေါ်သံက ဆက်​တိုက်​ဆိုသလိုထွက်​လာပြီး အနည်းငယ်​ကျယ်​တာမို့
သမီးအိပ်​​နေတာကို ​ငေး​နေတဲ့ကျွန်​​တော်​​ လန့်​သွားမိတယ်​...

^^PAIN^^Where stories live. Discover now