''Han..အဆင်​​ပြေရဲ့လား....''

ပစ်​လဲ​တော့မလိုဖြစ်​​နေတဲ့ ကျွန်​​တော့်​ကို လာတွဲတာက
Hyung.....

ခေါင်းကိုက်​လွန်းလို့ မျက်​စိမဖွင့်​နိုင်​​အောင်​ဖြစ်​​နေ​ပေမယ့်
ကြိုးစားကြည့်​မိလိုက်​တဲ့ Hyungမျက်​ဝန်းမှာ
စိုးရိမ်​ပူပန်​မှု​တွေအပြည့်​.....

ကျေးဇူးတင်​ပါတယ်​....

ကျွန်​​တော့်​ကိုအမြဲ ဂရုစိုက်​​ပေးတဲ့အတွက်
အမြဲနားလည်​​ပေးတဲ့အတွက်​...
လဲကျချိန်​တိုင်း ထူမတ်​​ပေးခဲ့တဲ့အတွက်​.....

ကျေးဇူးအရမ်းကိုတင်​ပါတယ်​ Hyung.....

''အင်း...​ခေါင်းနည်းနည်းကိုက်​တယ်​....''

''ဟင်း.....''

ပင့်​သက်​ချသံခပ်​ပြင်းပြင်း....

''ကဲ..လာ...Hyungတို့​ဆေးသွားဝယ်​ရ​အောင်​...
ပြီးရင်​ ​လေ​ကောင်း​လေသန့်​သွားရှူကြမယ်​..''

''ဒါ​ပေမယ့်​ သမီးက...''

''Kiki အဆင်​​ပြေတယ်​... ခုအိပ်​​ဆေးထိုးထားလို့ အိပ်​​ပျော်​​နေတယ်​... အဖျားရှိန်​​ကြောင့်​သတိလစ်​သွားတာ..မစိုးရိမ်​ရဘူးတဲ့.....
ကဲပါ Hanရယ်​...​ခေါင်းမမာစမ်းပါနဲ့.....
Hanအရမ်းပင်​ပန်း​နေပြီ....ခဏနားမှရမယ်​...''

ကျွန်​​တော့်​စကားကို ဖြတ်​​ကာ တရစပ်​​ပြောသွား​သော Hyung......
အရာရာသိတတ်​လွန်း​သော Hyung လိုအစ်​ကိုတစ်​​ယောက်​​ရထားတာ ကျွန်​​တော်​ကံ​​ကောင်းတာပဲမဟုတ်​လား.....

ဆေးcounterမှာ ​ဆေး​ဝယ်​ပြီး
ဆေးရုံဝင်းထဲက ပန်းခြံ​လေးထဲကိုပင်​ ထွက်​ခဲ့လိုက်​သည်​......

ထိုင်​ခုံ​လေးမှာထိုင်​ချလိုက်​ရုံနှင့်​ပင်
အားအင်​​တွေ ကုန်​ခမ်းသွားသလိုခံစားလိုက်​ရသည်​....

ပျော့​ခွေသွား​သော ကျွန်​​တော့်​ကို Hyungက အလိုက်​တသိ သူ့ကိုယ်​​ပေါ်မီ​စေသည်​.....

ဘာမှ​တွေးမ​နေ​တော့ဘဲ တင်းထားသမျှစိတ်​အကုန်​​လျှော့ချပစ်​လိုက်​​တော့ မျက်​ခွံ​တွေက အလိုလို ပိတ်​ကျလာသည်​....

တကယ်​ပဲ..... ကျွန်​​တော်​တကယ့်​ကို ပင်​ပန်းလွန်း​နေပါပြီ​လေ.........

•••••••••••••

မျက်​နှာ​ပေါ်မှာခံစား​နေရတဲ့ ခပ်​ပူပူခပ်​စူးစူး အသိ​ကြောင့်
မျက်​ခွံ​တွေက မပွင့်​ချင်​ပွင့်​ချင်​ဖြင့်​ ပွင့်​လာခဲ့သည်​...

အာ... Xiao Lu ပြတင်း​ပေါက်​​တွေပိတ်​ဖို့​မေ့သွားတာ​နေမယ်​....

ကိုယ်​တိုင်​ထပိတ်​ရန်​ ခန္ဓာကိုယ်​ကိုထူမတ်​လိုက်​​တော့.....

ဘုရား​ရေ....
ကိုယ်​အိပ်​​နေတာ အိပ်​ရာတစ်​ခုမဟုတ်​ပါလား.....

ဖြစ်​စဉ်​ကို ပြန်​​တွေးကြည့်​လိုက်​မှ.....
အာ... မ​နေ့ညက Hariကို ​စောင့်​ရင်း ဂိမ်း​ဆော့မယ်​ဆိုပြီး ​ဆော့​နေရင်း.. အိပ်​​ပျော်​သွားတာပဲ.....

အိမ်း...ဆွဲ​ဆောင်​မှု​ကောင်းလိုက်​တဲ့ Game.....

''ဟယ်​.... Hunnie.. မပြန်​ဖြစ်​ဘူးလား...''

ကြားလိုက်​ရ​သော အသံ​ကြောင့်​ ​နောက်​လှည့်​ကြည့်​​တော့
ညတုန်းက ကြက်​​သွေး​ရောင်​ညအိပ်​ဝတ်​စုံ​လေးပင်​ ဝတ်​ထား​သော သူမ....

''အင်း.. သတိမထားမိဘဲ အိပ်​​ပျော်​သွားတာ....
ကိုယ်​ခုပြန်​​တော့မလို့.....''

ဘယ်​အချိန်​ထိ ​စောင့်​​နေခဲ့မည်​မှန်းမသိတဲ့ Xiao Luကို မြင်​​ယောင်​ပြီး ထပြန်​ဖို့ပြင်​လိုက်​သည်​.....

က​လေး​တော့ စိတ်​ဆိုး​တော့မှာပဲ...
စော​စောပြန်​မလို့ ကတိ​ပေးထားခဲ့တာကို.... ကျစ်​... ငါကလည်း​နော်​.....

''အယ်​.. မနက်​စာ စားသွားပါဦးလား... ''

''မစား​တော့ဘူး....​ကျေးဇူးတင်​ပါတယ်​.. ကျွန်​​တော်​သွားပြီ... အာ... ရုံးလာရင်​ ဟို​နေ့က Hari ဆီက မှားပါသွားတဲ့ History of Korea စာအုပ်​ ယူခဲ့​ပေးမယ်​...''

ခပ်​သွက်​သွက်​ပင်​ ​ဖိနပ်​​ကောက်​စီးကာ
အမြန်​ဆုံးအရှိန်​ဖြင့်​ အိမ်​ပြန်​ရန်​ထွက်​ခဲ့သည်​.....

Oh Sehunတို့​တော့ ပြဿနာရှာလိုက်​ပြန်​ပြီ....
ဟင်း....... ငါကလည်းငါပဲ.........

••••••••••••PAIN••••••••••

^^PAIN^^Where stories live. Discover now