အရင်​တစ်​ခါဖျားတုန်းကလည်း ရိုးရိုးဖျားတာပဲထင်​ကာ ​​ဆေး​ပဲ​သောက်​ခိုင်းမိရာမှ ပိုဆိုးလာကာ ​ဆေးရုံတင်​ခဲ့ရသည့်​ အ​ခြေအ​နေ​တောင်​​ရောက်​ခဲ့သည်​​လေ....

သာမာန်​​ရောဂါ​လေး တစ်​ခုက
သမီးကို ထိုမျှအထိပင်​ ဒုက္ခ​ပေးနိုင်​လွန်းသည်​......

''သမီး.... သမီး... Kiki.. ထဦးသမီး....''

.......

''သမီး...~~ Papa​ခေါ်​နေတယ်​... ထ​တော့လို့ဆို​နေ... သမီး​လေး....''

ခေါ်လို့မရ.....
ကျွန်​​တော်​ စိတ်​ပူလာပြီ...
ကျေးဇူးပြုပြီး...ဘုရားသခင်​ရယ်​....

တစ်​ကြိမ်​တစ်​ခါ​လောက်​​တော့ ကျွန်​​တော့်​အတွက်
ကံ​ကောင်းခြင်း​တွေယူလာ​ပေးလို့မရဘူးလား.....

နှာ​ခေါင်းဝ​လေးကို ခပ်​ဖွဖွစမ်းမိ​တော့.....

အသက်​ရှူ​နေ​သေးတယ်​......

တုန်​ယင်​​နေ​သော လက်​အစုံက
ကမန်း​ကတန်းပင်​ ဖုန်းထဲက နံပါတ်​1​လေးကို ဖိနှိပ်​လိုက်​သည်​....

လူကြီးမင်း​ခေါ်ဆို​သော တယ်​လီဖုန်းမှာ စက်​ပိတ်​ထား.........

Hunရယ်​...
ကျွန်​​တော့်​ကို တစ်​ပူ​ပေါ်တစ်​ပူဆင့်​​အောင်​ မလုပ်​စမ်းပါနဲ့.......

နောက်​တစ်​ကြိမ်​ 1 ​လေးကိုဖိနှိပ်​လိုက်​​သော်​လည်း.....
ရလဒ်​က​ပြောင်းမသွား......

ဗ​လောင်​ဆူ​နေ​သော နှလုံးသားကို ခဏ​ဘေးချိတ်​...
ကျလုဆဲဆဲ မျက်​ရည်​​တွေကို မျက်​​တောခပ်​သိမ်းဆည်းရင်း

မေ့​မျော​နေ​သော သမီး​လေးကို ​ပွေ့ချီလိုက်​​တော့...
ငှက်​​မွေး​လေးလိုပင်​ ​ပေါ့ပါးစွာ ကျွန်​​တော့်​လက်​​ပေါ် ပါလာတဲ့ သမီး....

လှေကားထစ်​​တွေကို မမြင်​နိုင်​​တော့....
အိမ်​ထဲက အိမ်​ပြင်​ဘယ်​လိုထွက်​လာမှန်းလည်း မသိ​တော့......

ကမူးရုးထိုး​​ပြေးလာမိတာ....
သတိထားမိ​တော့ လမ်းမကိုပင်​​ရောက်​လုပြီ.....

''Ap...pa.......~~''

တိုးညင်း လွန်းသည်​ ဆိုတာထက်​ပင်​ပို​သော
အသံ​သေး​သေး​လေးသည်​.....
ကျွန်​​တော့်​နားထဲတွင်​​တော့ ကျယ်​​လောင်​စွာ ပဲ့တင်​ထပ်​လာသည်​....

^^PAIN^^Where stories live. Discover now