•••••••••••

အင်း~~

ခေါင်းကိုက်​လိုက်​တာ.... ကျွတ်​ကျွတ်​....

အ​ခြေအ​နေကိုသတိထားမိ​တော့...
အာ.... ကျွန်​​တော်​ဧည့်​ခန်းထဲအိပ်​​ပျော်​​နေတာပဲ...

နာရီကြည့်​​တော့ ည၁၂ခွဲ....

Hunပြန်​မလာ​သေးဘူးလား....

စော​စောပြန်​လာဖို့ ​သေချာမှာခဲ့ရဲ့သားနဲ့ Hunရယ်​...
စိတ်​ပူ​အောင်​လို့.....

ဦး​ခေါင်းထဲက ​သေမတတ်​ထိုးကိုက်​​နေ​သော်​လည်း
အားယူကာ ထလိုက်​သည်​....

တစ်​ညလုံး sofaမှာ အိပ်​​နေလို့​တော့မဖြစ်​.. Heater မရှိဘာမရှိနှင့်​ ​အေးခဲပြီး​သေသွားနိုင်​သည်​​လေ
.....

သူ့မှာလည်း ​သော့အပိုရှိသားပဲ...
သူပြန်​လာရင်​ သူ့ဘာသာဖွင့်​ဝင်​လာမှာ​ပေါ့...
ဒီအချိန်​ထိ​စောင့်​​နေ​ပေးတာပဲ လွန်​လှပြီမဟုတ်​လား.....

လှေကားထစ်​​တွေကို တစ်​ထစ်​ချင်းအားယူတက်​လာပြီး​နောက်​ ကိုယ့်​အခန်း​ရှေ့အ​ရောက်
အထဲဝင်​ရန်​ လက်​ကိုင်​ကို လှည့်​လိုက်​သည်​...

တံခါးဖွင့်​ပြီးမှ စိတ်​က သမီးဆီသွားကြည့်​ချင်​လာ​သော​ကြောင့်​ တံခါး​လေးအသာပြန်​ပိတ်​....
သမီးအခန်းဆီ ခပ်​တိုးတိုးဝင်​ခဲ့လိုက်​သည်​....

ခုတင်​​ပေါ်အိပ်​စက်​​နေ​သော ၈နှစ်​အရွယ်​က​လေး​လေးက
ကျွန်​​တော့်​အတွက်​​တော့ မင်းသမီး​လေးတစ်​ပါးပင်​....

ကျွန်​​တော့်​ရင်​ထဲက ပန်းပွင့်​​လေးပင်​.....

နဖူး​ပေါ်ဝဲကျ​နေ​သော ဆံနွယ်​နုနုကို သပ်​တင်​​ပေးမိချိန်
....

''ဟင်​.... ကိုယ်​​တွေပူ​နေပါလား....''

လူက ​ခေါင်းကိုက်​တာ​တောင်​ ဘယ်​​ရောက်​သွားလဲမသိလိုက်​...

သမီးဖျား​နေသည်​ဆို​သောအသိက ရင်​ထဲဒိန်းခနဲ....

ကိုယ်​ခံအားနည်း​သော က​လေးငယ်​က
နည်းနည်း​လေး အ​အေးမိတာကိုပင်​ ခံနိုင်​ရည်​ရှိသူမဟုတ်​.....

^^PAIN^^Where stories live. Discover now