သားအဖနှစ်ယောက်ကို ရေချိုးခန်းထဲအတင်းတွန်းလွှတ်ပြီး ကိုယ်ကတော့ သီချင်းလေးညီးကာ ထမင်းဟင်းပြင်နေလိုက်သည်.....
စိတ်ကို သိပ်အပင်ပန်းမခံတော့တဲ့အခါ
ဘယ်လောက်သာယာလိုက်သလဲ...
ဘဝကြီးက နေတတ်ရင် ကျေနပ်စရာတွေချည်း....
''အားပါးပါး...မွှေးနေတာပဲ....''
အရင်ရောက်လာသူက Hun...
သူ့ပါးကို ရွှတ်ခနဲမြည်အောင်နမ်းလိုက်တော့
သင်းပျံ့ပျံ့နံ့လေးက နှာခေါင်းနဲ့ကပ်ပါလာသည်...
အနံလေးကအစ ဆွဲဆောင်မှုရှိနေတာတော့ လွန်တာပေါ့ ကိုယ့်သည်းညှာရယ်....
ချက်ပြီးသားတွေကို ထမင်းစားပွဲပေါ်ချတော့ သူကလဲ ဝိုင်းကူရှာသည်....
စကားပြောရင်း ရယ်ရင်းမောရင်း ထမင်းဝိုင်းပြင်လိုက်တာ ဘယ်လိုဘယ်လိုပြီးသွားသည်မသိ.....
ခဏအကြာ Kikiရောက်လာတော့ သုံးယောက်သား
ထမင်းလက်ဆုံစားကြ....
Hunကလည်း အလုပ်ကအကြောင်းတွေပြောပြ..
သမီးကလည်း ကျောင်းက ဆရာတွေအကြောင်း သူငယ်ချင်းတွေအကြောင်းပြော..
ကျွန်တော်ကလည်း အလုပ်ကအကြောင်း.. idolတွေဘယ်လိုချောကြောင်း လှကြောင်းပြောတော့
Hunက မျက်စောင်းတွေထိုး...
သမီးက သူ့Appaကိုကြည့်ပြီး တခစ်ခစ်ရယ်....
မိသားစုထမင်းဝိုင်းလေးက နေ့စဉ်နေ့တိုင်း ဒီလိုလေးပင် ပျော်ရွှင်ဖွယ်အတိ....
📞📞📞
သူ့ဖုန်းမြည်လာ၍ စကားဝိုင်းကခဏရပ်သွားသည်...
''ဘာ.... သူခိုးတက်လို့.... Ok..ကိုယ်ခုလာခဲ့မယ်....''
စားပွဲဝိုင်းမှထရပ်ကာ ပြောသောသူ့စကားကြောင့်
ကျွန်တော်ပင်လန့်သွားမိသည်....
ဘယ်သူ့ဖုန်းပါလိမ့်.....
''Xiao Lu... Hariအိမ်သူခိုးတက်လို့တဲ့...
ကိုယ်သွားကူပေးလိုက်ဦးမယ်.... သူကြောက်နေတာ.
ဒီနိုင်ငံမှာက အသိလည်းမရှိတော့လေ... နော်...''
ထပ်ပြီး... သူမ ပဲလား....
သြော်...ကံကြမ္မာရယ်........
သူ့ကိုအကဲခတ်မိတော့ အတော်လေးသွားကူချင်နေပုံ..
အေးလေ.. တစ်ဖက်ကမိန်းကလေးဖြစ်တဲ့အပြင် အသိမိတ်ဆွေဆိုတာကလည်း ကိုယ့်လူအပြင်မှ မရှိဘဲကိုး...
ကူညီကောင်းပါတယ်လေ....
''အင်း..သွားချင်ရင်သွားလေ.... အရမ်းနောက်မကျစေနဲ့နော်..... ''
''Okok..... ''
ချက်ချင်းပင်ပြေးထွက်သွားသောသူ့အား မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်......
ကျွန်တော် ယုံမယ်နော် Hun.....
••••••••••••••PAIN•••••••••••••••
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~36~~
Start from the beginning
