ဆံပင်​အနည်းငယ်​တို​နေ​သေးပုံအရ...
လက်​ရှိပုံ​တော့မဖြစ်​နိုင်​.....

လွန်​ခဲ့​သော အချိန်​တစ်​ခုက ပုံသာဖြစ်​ပါလိမ့်​မည်​.....

ဒီပုံထဲကပုံရိပ်​​လေးတစ်​ခုအတွက်​...
ကိုယ်​ဘယ်​​လောက်​ ​မျှော်​လင့်​ခဲ့ရသလဲ...
ဘယ်​​လောက်​​တောင်​ အ​တွေးနဲ့ကြည်​နူးခဲ့ရသလဲ......

အံကိုတင်းတင်းကြိတ်​ မျက်​စိကိုစုံမှိတ်​လိုက်​​တော့
လက်​ထဲက ဓာတ်​ပုံ​လေးဟာ အလိုလို​ကြေမွလျက်​သား.
....

ထို့​နောက်​......

ဟူး...........

လေပူတစ်​ချက်​...ခပ်​ပြင်းပြင်း​လေး........

ထို့​နောက်​ နှုတ်​ခမ်းပါးတို့ကို လှပစွာတွန့်​ချိုးဖြစ်​သည်​.....

ခွင့်​လွှတ်​တယ်​.... အားလုံးကို နားလည်​​ပေးတယ်​...

ကိုယ်​​ပြောခဲ့ပြီးသားပဲ...
သူကိုယ့်​အနားရှိ​နေ​ပေးဖို့ပဲ ​မျှော်​​လင့်​​တော့တာပါလို့......
ထွက်​မသွားဖို့ပဲ ​တောင့်​တမိတာပါလို့.....

အခုသူ..ရှိ​နေတယ်​​လေ... ကိုယ်​ဘာအဆင်​မ​ပြေစရာရှိလဲ...မဟုတ်​ဘူးလား....

မချစ်​​တော့တာမဟုတ်​သလို အချစ်​​တွေ​လျော့သွားတာလဲမဟုတ်​ပါဘူး.....

မျက်​ရည်​​တွေမကျတတ်​​တော့​လောက်​​အောင်​ အသည်းမာသွားတာလည်းမဟုတ်​ရပါဘူး.....

ဒီအတိုင်း.... ချစ်​တယ်​ဆိုတဲ့​နေရာ​လေးမှာတင်
ရပ်​ထား​တော့မလို့ပါ......

အရင်​တစ်​ချိန်​တုန်းကလို သည်းသည်းလှုပ်​မဟုတ်​​တော့ဘဲ.... ရင့်​ကျက်​စွာချစ်​ဖို့ ကြိုးစား​နေတာပါ.....

သူ​ပျော်​​နေတာပဲ​လေ...
ကိုယ်​လည်း ​ပျော်​ပါတယ်​......

•••••••••••PAIN ••••••••••

ထုံးစံအတိုင်း မိသားစုသုံး​ယောက်​ ကား​လျှောက်​စီးပြီး​နောက်​ အိမ်​ပြန်​​ရောက်​လာပြန်​သည်​...

''မီးမီး​...​ရေချိုး အဝတ်​အစားလဲပြီးရင်​ဆင်းခဲ့​နော်​...
Papa ထမင်းစားဖို့ပြင်​ထားမယ်​....Hunလည်း ​ရေသွားချိုး​တော့..သွား... ပင်​ပန်းလာတယ်​မလား...လန်းသွား​အောင်​....''

^^PAIN^^Where stories live. Discover now