သိလိုစိတ်​​တွေက တစ်​ခါတစ်​​လေ ​တွေ့ရှိမှုအသစ်​​တွေကို​ပေး​ပေမယ့်​ အဲ့​ဒီ​တွေ့ရှိမှု​တွေကပဲ တစ်​ခါတစ်​ရံ ကိုယ့်​ကို ပြန်​လည်​နာကျင်​​စေတတ်​တာ ကျွန်​​တော်​မသိခဲ့....


ထိုအရာ​လေးကို ​​ကောက်​ရန်​ ထိုင်​လျက်​နှင့်​ပင်​ ကြမ်းပြင်​ကိုငုံကြည့်​လိုက်​သည်​....

ကြည့်​ရတာ ဓာတ်​ပုံ​လေးတစ်​ပုံထင်​ရဲ့... ​မှောက်​လျက်​သား​လေး....

သေချာတာက​တော့ စာအုပ်​ကြားထဲဓာတ်​ပုံထည့်​ထားတာကျွန်​​တော်​မဟုတ်​.....

သမီးကလည်း သူ့အခန်းမှာ စာကြည့်​စားပွဲထားထား​ပေး၍ ဒီအခန်းထဲ ​တော်​ရုံမဝင်​...

ဒါဆို .. Hun​ပေါ့.....

နည်းနည်း​တော့ စိန်​​ခေါ်ကြည့်​ချင်​သည်​.....

ဒါ ....Hunငယ်​ငယ်​က ပုံဖြစ်​မလား....
အိုး..သိပ်​ကို ချစ်​စရာ​ကောင်းမှာပဲ.... ကျွန်​​တော်​မသိခဲ့တဲ့ သူ့ငယ်​ဘဝက ဘယ်​လိုပုံ​လေးဖြစ်​​နေမလဲ....

တကယ်​လို့....ကျွန်​​တော်​တို့ မိသားစုပုံဆိုရင်​​ရော....
သူဒီမိသားစုကို သိပ်​ချစ်​တာကျွန်​​တော်​သိတာ​ပေါ့....
ပုံထဲက ကျွန်​​တော်​တို့သုံး​ယောက်​ကိုကြည့်​ပြီး
ကြည်​နူး​နေ​လေမလား......

ဒါမှမဟုတ်​...... ကျွန်​​တော့်​ပုံလား....
အို... ရင်​ခုန်​ဖို့​ကောင်းလိုက်​တာ...
သူဟာ အလုပ်​​တွေနဲ့​ပင်​ပန်း​နေတဲ့အခါ ကျွန်​​တော့်​ပုံရိပ်​​လေးကို ​ငေး​ရင်း စကား​တွေ​ပြော...အ​မော​ဖြေ​လေ့ရှိသလား......

အ​တွေး​လေးနဲ့တင်​ ဘယ်​လို​တောင်​​ပျော်​ဖို့​ကောင်းလိုက်​သလဲ.......

......

သို့​ပေမယ့်​.......
သို့​ပေမယ့်​ ​ပေါ့​လေ........

ကံတရားက ကျွန်​​တော့်​ဘက်​မှာ ​နေရတာ မကြိုက်​ဘူးထင်​ပါရဲ့..... ဘာအပြစ်​မှလည်းမလုပ်​မိပါဘဲ
အချိန်​တိုင်း အပြစ်​​ပေး​နေချင်​ပုံပါပဲ​လေ.......

လက်​ထဲပါလာ​သော ဓာတ်​ပုံထဲက လှပ​စွာ​ပြုံး​နေ​သော ​ကောင်​မ​လေးနှင့်​ သူမကို မြတ်​နိုးစွာကြည့်​​နေပုံရ​သော ​ကောင်​​လေး...... ကျွန်​​တော့်​ချစ်​ခင်​ပွန်း.....

^^PAIN^^Where stories live. Discover now