စာကြည့်​ခန်း....

စာကြည့်​ခန်းဆိုလို့ မဝင်​တာ​တောင်​ကြာခဲ့ပြီပဲ...

ကိုယ့်​စိတ်​ထဲမွန်းကျပ်​သလိုထင်​ရ​​စေတာမို့...
သီချင်း​ရေးတဲ့အခါ စာကြည့်​ခန်းကိုဘယ်​​တော့မှမသုံးဖြစ်​......

အိပ်​ခန်းထဲ.... သို့မဟုတ်​ Sakura ပင်​တန်း​အောက်​က ခုံ​လေး..... သို့မဟုတ်​..အခြား​အေးချမ်းတဲ့တစ်​​နေရာရာကိုသာ ​ရွေးချယ်​ဖြစ်​ခဲ့သည်​.....

မ​ရောက်​တာကြာပြီဖြစ်​တဲ့ အခန်း​လေးမို့
ခဏဝင်​ကြည့်​ရန်​ စိတ်​ကူးမိသည်​....

တံခါးlockအား လှည့်​ဖွင့်​ပြီး အခန်းထဲ​ခြေချလိုက်​တာနဲ့
ရင်းနှီး​နေကျကိုယ်​သင်းနံ့​လေးက အသိထဲတိုးဝင်​လာသည်​.....

ကိုယ်​ကသာ မ​ရောက်​ဖြစ်​တာ...
သူက​တော့ သူ့အလုပ်​နဲ့ပတ်​သက်​တဲ့ စာရင်းဇယား​တွေကို ဒီအခန်းထဲမှာပဲ ​ဖြေရှင်း​လေ့ရှိတယ်​​လေ....

မွန်းကျပ်​တယ်​လို့ ကိုယ်​ယူဆတဲ့ ဒီအခန်းငယ်​ဟာ
သူ့အတွက်​​တော့ အာရုံစိုက်​ဖို့​ကောင်းတဲ့ ဆိတ်​ငြိမ်​တဲ့​နေရာ​လေးတစ်​ခုဖြစ်​​နေခဲ့တယ်​...

တစ်​ခါတစ်​​လေ အဲ့လိုမျိုး ကွဲလွဲမှု​လေး​တွေ
ကျွန်​​တော်​တို့နှစ်​​ယောက်​ကြားရှိ​နေတတ်​​ပေမယ့်​လည်း...
ကြီးကြီးမားမား စိတ်​သ​ဘောထားကွဲလွဲမှု​တွေ​တော့မရှိခဲ့...

တစ်​စုံတစ်​​ယောက်​နဲ့ ပတ်​သက်​တဲ့ကိစ္စကလွဲလို့​ပေါ့​လေ.......

စားပွဲ​ဘေးက ထိုင်​ခုံ​လေးမှာဝင်​ထိုင်​လိုက်​ရင်း
နံရံမှာကပ်​ထားတဲ့ စာအုပ်​စင်​​ပေါ်က ​တွေ့ကရာစာအုပ်​တစ်​အုပ်​လှမ်းယူလိုက်​တယ်​.....

'' History of Korea ''

ခေါင်းစဉ်​ကို မြင်​လိုက်​ကတည်းက ကျွန်​​တော်​နှင့်မသက်​ဆိုင်​​သော စာအုပ်​မှန်းသိလိုက်​သည်​.....

ဘာလို့ဆို ကျွန်​​တော်​အခု အိပ်​ချင်​စိတ်​မရှိ​သေးဘူး​လေ....

စာအုပ်​ကို စင်​​ပေါ်ပြန်​ထားရန်​ ​ကောက်​ကိုင်​လိုက်​ချိန်
လျှောခနဲ စာအုပ်​ကြားကထွက်​ကျလာတဲ့တစ်​စုံတစ်​ရာ.....

^^PAIN^^Where stories live. Discover now