''မဖြစ်​ပါဘူး.... Hari shi.. အရင်​က Oh Sehunက ​သေဆုံးသွားပြီမို့.. မဖြစ်​နိုင်​​တော့ပါဘူး...
ဒီစကားကို မ​ပြောခဲ့ဘူးလို့ သ​ဘောထားလိုက်​ပါ့မယ်​...ခွင့်​ပြုပါဦး....''

အ​ဖြေစကားကို ပြန်​​နား​ထောင်​မ​နေဘဲ အမြန်​ဆုံးလှည့်​ထွက်​လာခဲ့သည်​......

ဘယ်​လိုသတ္တိနဲ့များ... ​ယောက်ျားတစ်​​ယောက်​..
အိမ်​​ထောင်​ရှိ ​ယောက်ျားတစ်​​ယောက်​ကို
ဒီလို​ပြောထွက်​ပါလိမ့်​......

အရှက်​တရားဆိုတာ သူမဆီမှာ မရှိ​တော့တာလား....
လူ့ကျင့်​ဝတ်​နဲ့ သိက္ခာတရားကို​ရော သူမ​ခေါင်းထဲရှိ​နေ​သေးရဲ့လား....

ကြာ​ရင်​ စိတ်​ပျက်​မိ​တော့မှာပဲ.....

''Tsk..... ဟူး....''

လေပူတစ်​ချက်​ကို မှုတ်​ထုတ်​ရင်း  ကားကိုသာ ဂရုစိုက်​​မောင်းခဲ့လိုက်​သည်​......
အိမ်​မှာ သူ​စောင့်​​နေ​လေ​ရော့မယ်​.......

••••••••••••••PAIN ••••••••••••••

''ကဲ...ပြီးပြီ....''

လက်​နှစ်​ဖက်​ကို ပွတ်​သပ်​ရင်း ​​ကျေနပ်​စွာပြုံးလိုက်​သည်​....
နေ့စဉ်​လုပ်​​နေကျ အလုပ်​ဆို​ပေမယ့်​လည်း တစ်​ခါ​လေး​တောင်ငြီး​ငွေ့ဖူးသည်​ဟူ၍မရှိခဲ့.....

လက်​မထပ်​ခင်​ကတည်က ဂရုတစိုက်​ထိန်းသိမ်းထားတဲ့
အ​လေ့အထ​လေးမို့ ဒီအချိန်​​လေး​ရောက်​ရင်​ အမြဲ​ပျော်​ရွှင်​​နေရစမြဲ.....

ထမင်းဝိုင်းက ဟင်းပွဲ​တွေကို အုပ်​​ဆောင်း​လေးနဲ့အုပ်​ကာ လက်​ကနာရီကို လှမ်းကြည့်​လိုက်​သည်​...

11:00 AM...

အင်း...
နည်းနည်း​တော့ ​စော​သေးသည်​...

ဒီချိန်​ဆို သူအလုပ်​မှာပဲရှိ​လောက်​ဦးမယ်​...

ဘာမှလည်းလုပ်​စရာမရှိ​တော့ အခန်းထဲဝင်​ပြီး ​ခဏလှဲဖို့စိတ်​ကူးလိုက်​သည်​.....

လှေကားထစ်​​တွေကို နင်းဖြတ်​လာပြီး​နောက်
အခန်း​ရှေ့အ​ရောက်​ ဘာရယ်​မဟုတ်​ ပတ်​ဝန်းကျင်​ကို တစ်​ချက်​​ငေးမိ​တော့ မျက်​စိထဲဝင်​လာ​သော စာကြည့်​ခန်းတံခါး​လေး.....

^^PAIN^^Where stories live. Discover now