ပန်းခြံမှအထွက်​ အိမ်​တန်းမပြန်​ဘဲ မိသားစုလိုက်
ကား​လျှောက်​​မောင်းခဲ့ကြသည်​....

ခုလိုကား​လျှောက်​မ​မောင်းဖြစ်​တာကြာပြီမို့
သမီးက သိပ်​ကို​ပျော်​​နေခဲ့သည်​....

မမြင်​ရတာကြာပြီဖြစ်​တဲ့ သူ့ရဲ့ ဟက်​ဟက်​ပက်​ကက်​ရယ်​​မောဟန်​ကိုလည်း ​တွေ့ခဲ့ရသည်​.....

တန်​ဖိုးမဖြတ်​နိုင်​တဲ့ အမှတ်​တရများစွာကို သမီး​လေး​မွေး​နေ့တွင်​ စိတ်​တိုင်းကျဖန်​တီးဖြစ်​ခဲ့သည်​....

နေ့ရက်​တိုင်းသာ ဒီလိုဆိုလျှင်​...
နေ့စဉ်​သာ အခုလို​ပျော်​စရာ​ကောင်းမည်​ဆိုလျှင်​.....

ဘဝ​လေးဟာ ဘယ်​​လောက်​​တောင်​ ​နေထိုင်​လို့​ကောင်းလိုက်​မည်​နည်း........

•••••••

KiKi​မွေး​နေ့ပြိးကတည်းက သူ ကျွန်​​တော့်​အ​ပေါ်ပြန်​လည်​​နွေး​ထွေးလာသည်​...

လက်​မထပ်​ခင်​က ကျွန်​​တော့်​ကိုသဲသဲလှုပ်​ဂရုစိုက်​​သော Hun သည်​ .....ကျွန်​​တော့်​ထံပြန်​​ရောက်​လာခဲ့ပြီ.....

ပြဿနာအကြီးအကျယ်​တက်​ပြိးကတည်းက
နောင်​တရသွားသည်​လား....
အ​ခြေအ​နေကို သုံးသပ်​နိုင်​သွားသည်​လား
သေချာမ​ပြောတတ်​​ပေမယ့်

လက်​ရှိHunသည်​...

အိပ်​​မွေ့ချခံထားရ ရာမှ ပြန်​လည်​နိုးထလာသည့်​အဖွယ်​....

လွန်​ခဲ့​သော လအနည်းငယ်​က ဆက်​တိုက်​ဆိုသလို
အေးစက်​​နေခဲ့​သော အိမ်​​ထောင်​​ရေးသည်
ယခုဆိုလျှင်​ ပြန်​လည်​​နွေး​ထွေးလာခဲ့​ပေပြီ......

''Hun~...''

မီးဖို​ချောင်​ထဲ အလုပ်​များ​နေ​သော သူ့ကို​နောက်​ကလှမ်းဖက်​ရင်း နာမည်​​လေးအား​ရေရွတ်​မိသည်​....

''အင်း...''

လုပ်​လက်​စအလုပ်​ကို မရပ်​ဘဲ ''အင်း...''ဟုပြန့ထူး​သောသူ့အသံသည်​.. ခါတိုင်းလိုပင်​ အက်​ရှရှ​လေးနှင့်​ နား​ထောင်​​ကောင်း​နေဆဲ.....

သူ့ခါးကိုပိုတိုးဖက်​လိုက်​ပြီး
သူ့ပုခုံး​ပေါ်​ ​မေး​လေးတင်​လိုက်​သည်​...
သိပ်​​မမီချင်​ဖြစ်​​နေ​သော​ကြောင့်​ ​ခြေဖျား​ထောက်​လိုက်​ရ​သေးသည်​.....

^^PAIN^^Where stories live. Discover now