Surpriseဖြစ်​​စေချင်​၍ ခွင့်​ယူမည့်​ကိစ္စကိုမ​ပြောထားခဲ့....

လက်​ထဲတွင်​ သမီးနာမည်​​ရေးထိုးထား​သော ကိတ်​မုန့်​​လေးနှင့်​ အရုပ်​​လေးတစ်​ရုပ်​ကိုင်​ကာ ပန်းခြံအနှံ့လိုက်​ရှာ​နေမိသည်​.....

သိပ်​ကြာကြာမရှာလိုက်​ရ...

ဟော...​တွေ့ပါပြီ.....

လျှောအ​သေး​လေးတစ်​ခု​ပေါ်မှာ ​ဆော့​နေတဲ့ ချစ်​သမီး​လေး....

သမီးရဲ့ အကြည့်​လားရာကို ကြည့်​လိုက်​​တော့
သူ့​ရှေ့မလှမ်းမကမ်းမှာထိုင်​ကာ သမီးကို လက်​ခုပ်​တီးပြီးအား​ပေး​နေတဲ့ Xiao Lu...

ရင်​ထဲမှအ​ပျော်​သည်​လှိုက်​တက်​လာကာ
ထို​နေရာသို့သွားရန်​​ခြေလှမ်းပြင်​လိုက်​သည်​....

**ဟင်​..**

နှစ်​လှမ်းမျှပင်​ လှမ်းရ​သေး​သော ​ခြေလှမ်းတို့သည်
ခုနကထိသွက်​လက်​​နေခဲ့​သော်​လည်း ရုတ်​ချည်းပင်
တုတ်​​နှောင်​ခြင်းခံလိုက်​ရသလို ရပ်​တန့်​သွားသည်​...

မလှမ်းမကမ်း ​ရေခဲမုန့်​ဆိုင်​မှ ထွက်​လာ​သော Suho ဆိုသူ....
ကျွန်​​တော်​နှင့်​သိပ်​မရင်းနှီး​သော်​ငြား Xiao luနှင့်​​တော့ အ​တော်​​လေးရင်းနှီးလှသည်​...

ထိုသူ့လက်​ထဲမှာကိုင်​လာတာက ​ရေခဲမုန့်​နှစ်​ခွက်​...

တစ်​ခွက်​ကို Xiao luကိုလှမ်း​ပေးလိုက်​ကာ လှိုက်​လှဲစွာပြုံးပြ​တော့ ထိုက​လေးကလည်း သူ့လက်​ထဲက ​ရေခဲမုန့်​ကို ခပ်​သွက်​သွက်​လှမ်းယူကာ
ရွှင်​မြူးစွာပြုံးပြသည်​.....

ထိုအချိန်​တွင်​ သမီးပါ​ရောက်​လာကာ Xiao Luလက်​ထဲက​ရေခဲမုန့်​ကို​တောင်း​တော့ ထိုသူက သူ့​ရေခဲမုန့်​အား
သမီးကို​ပေးလိုက်​သည်​....

ထို့​နောက်​ သူံး​ယောက်​သား စကား​တွေ​ပြောကာ ​ရယ်​​မော​နေကြပြန်​သည်​....

ဟင့်​အင်း.....
ပတ်​ဝန်းကျင်​က ဘာ​တွေဖြစ်​​နေလဲ ဘယ်​သူ​တွေရှိ​နေလဲ ကျွန်​​တော်​မသိ​တော့.....

ဘာအသံမှလည်းမကြား​တော့.....

ကျွန်​​တော်​မြင်​တာ သိတာ....ကျွန်​​တော့်​မျက်​စိ​ရှေ့က ထိုသုံး​ယောက်​....

တောက်​ပလွန်းစွာပြုံးရွှင်​​နေ​သော သမီးနှင့်​ Xiao Lu...
ချိုသာလွန်း​သော ရယ်​​မောသံများ.....

ထို​သုံး​ယောက်​၏ ခန္ဓာကိုယ်​မှ အလင်းတန်းများပင်​ဖြာထွက်​​နေသလိုပင်​ ......

ထိုသုံး​ယောက်​သည်​ သိပ်​ကို ပြည့်​စုံလွန်း​နေသလိုပင်​....

ဘာမျှမသက်​ဆိုင်​ပါ​သော ထိုသူစိမ်း၏ ပုံရိပ်​သည်​...
သက်​ဆိုင်​သူကျွန်​​တော့်​ကိုပင်​ အလိုလို​နေရင်း​ဘေး​ရောက်​သွား​စေသလိုလို ......

အောင့်​လိုက်​တာ....
ဘယ်​ဘက်​ရင်​အုံက.......

ပေါက်​ကွဲပစ်​ချင်​လိုက်​တာ.....

ဒါ​ပေမယ့်​လည်း ဘာကို​ပေါက်​ကွဲရမည်​မှန်း မယ်​မယ်​ရရမသိ...

ဘာကိုမ​ကျေမချမ်းနိုင်​ဖြစ်​​နေမှန်းမသိ....

ထိုသူပါဝင်​ကပြ​နေ​သော ကျွန်​​တော်​တို့မိသားစုဇာတ်​သည်​... ကျွန်​​တော်​မပါဝင်​ရင်​​တောင်​ ပြည့်​စုံလွန်း​နေသလိုလို......

ကိုယ်​ဖန်​တီး​​ပေးရန်​ သိပ်​မစွမ်းနိုင်​ခဲ့​သော
ပကတိဖြူစင်​စွာရယ်​​မောမှုများကို
ထိုသူသည်​ သက်​သက်​သာသာပင်​ လုပ်​​ဆောင်​သွားခဲ့ပြီ.....

ကျွန်​​တော်​​​ ​ပေးခဲ့တဲ့ ​အေးစက်​စက်​အိမ်​​ထောင်​​ရေးအစား
ထိုသူက ​ခင်​မင်​မှုဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာ
ကျွန်​​တော့်​ချစ်​သူနဲ့ သမီးကို ​နွေး​ထွေး​နေ​စေပြီ....

ကျွန်​​တော်​....... ဘာလုပ်​သင့်​သလဲ......

ကိုယ်​တိုင်​​တောင်​ သတိမထားမိလိုက်​ခင်​ပင်
ဘယ်​ဘက်​မျက်​ဝန်းဆီမှ မျက်​ရည်​တစ်​စက်​သည်​ ​မြေပြင်​ထက်​ဝပ်​တွားသွားခဲ့​လေပြီ.....

ကိုယ့်​ချစ်​သူကို အခြားတစ်​​ယောက်​ကပိုင်​ဆိုင်​သွားမှာစိုးရိမ်​တဲ့ ခံစားချက်​ဆိုတာ.....

ဒီလိုတဲ့လား........

ဒီလိုအ​သေးအဖွဲမြင်​ကွင်း​လေးက​တောင်​...
အဲ့သ​လောက်​အထိ...

နာ..ကျင်​..​စေ..သတဲ့လား​လေ......

•••••••••••••••PAIN•••••••••••

တိုသွားမှန်းသိပါတယ်​... Mianhae...😢😢
ဒီ​နေရာမှာရပ်​မှဖြစ်​မှာမို့ပါ....

^^PAIN^^Where stories live. Discover now