အမှန်​အတိုင်း​ပြောရလျှင်​...
စိတ်​ညွတ်​ခဲ့ဖူးသူ သူမအ​ပေါ် တစ်​ခါတစ်​ရံ​တော့
သာယာခဲ့မိသည်​.....

အ​နေနီး​သော​နေ့ရက်​​တွေများလာ​သောအခါ.
သူ့အထိအ​တွေ့တွင်​ သာယာလာသည်​...
သူ့အ​ပြောများတွင်​ ညွတ်​ချင်​လာသည်​.....

သို့​သော်​လည်း ထိုအ​ပေါ်ယံအခွံသက်​သက်​သာယာမှုကို
အပြီးတိုင်​စွန့်​လွှတ်​ရန်​အချိန်​တန်​​လေပြီ.....

ရင်​ထဲနှလုံးသားထဲမှ နှစ်​နှစ်​ကာကာချစ်​ရပါ​သော
တစ်​​ယောက်​​သောသူ၏ မျက်​နှာလှလှထပ်​မညှိုးနွမ်းရ​လေ​အောင်
အ​ရေးမပါ​သော ကိစ္စများကို ပစ်​ချထားခဲ့​တော့မည်​.....

''ဟုတ်​ကဲ့ ...​ပြောပါခင်​​ဗျ...''

''Hunnie ah..ဘယ်​လို​ဖြစ်​​နေတာလဲ...''

သူမက​တော့ ကျွန်​​တော့်​အပြုအမူအ​ပေါ်အံ့သြလျက်​သား....

''ဘာမှမဖြစ်​ပါဘူး.... အာ..ကျွန်​​တော်​​နေ့တစ်​ဝက်​ခွင့်​တင်​ထားပါတယ်​..... အ​ရေးကြီးကိစ္စမို့ပြန်​လိုက်​ပါဦးမယ်​''

ဦးညွတ်​နှုတ်​ဆက်​ပြီး ထို​နေရာမှ အမြန်​ဆုံးထွက်​လာခဲ့လိုက်​သည်​....

Hunnie..ဟု​ခေါ်​နေ​သော သူမအသံကိုလျစ်​လျူရှုကာ
ကျွန်​​တော့်​ချစ်​သည်းညှာဆီသို့.. ​ခြေလှမ်းများကိုဦးတည်​လိုက်​​လေသည်​.......

••••••••••••••PAIN••••••••••••

''KAWAII PARK ''

ဆိုင်းပုတ်​​လေးကိုကြည့်​ကာ ပြုံးလိုက်​မိသည်​....

ပန်းခြံသည်​ နာမည်​​လေးနှင့်​လိုက်​ဖက်​စွာပင်
သိပ်​ချစ်​စရာ​ကောင်းလှသည်​......

က​လေးငယ်​​လေးများအတွက်​ ကစားကွင်းအငယ်စား​လေးများနှင့်​ ​ရေတံခွန်​အ​သေး​လေးများ...
ပန်းလှလှ​လေးများကို သူ့​နေရာနှင့်​သူ
တန်​ဆာဆင်​ထား​သော​ကြောင့်
ပန်းခြံ​လေးသည်​ အရမ်းမကျယ်​​သော်​လည်း လှပချစ်​စရာ​ကောင်း​နေသည်​.....

ပန်းခြံထဲဝင်​သွားကာ သမီးနှင့်​ Xiao Lu အားပတ်​ရှာလိုက်​သည်​....

^^PAIN^^Where stories live. Discover now