ဒါကို သူသိမည်​မဟုတ်​.....

သူ​ပြောသလိုပင်​....
ကျွန်​​တော်​သည်​ ကိုယ့်​အတ္တပင်​ ကိုယ်​ကြည့်​ခဲ့သူတစ်​​ယောက်​လား....

ခံစားချက်​ကို ထုတ်​မပြတတ်​ဘဲ မြိုသိပ်​တတ်​လွန်း​သော က​လေးငယ်​သည်​ ...
အချိန်​ဘယ်​​လောက်​ကြာကြာကတည်းက
တစ်​​ယောက်​တည်း ရှိုက်​ငို​​ကြွေး​နေခဲ့ပြီးပြီလဲ...

အချိန်​ကတည်းက ကြိတ်​မှိတ်​ခံစား​နေခဲ့လို့
ခုလို ရှိုက်​ကြီးတငင်​နဲ့ ပွင့်​အံထွက်​လာရ​လေသလဲ.....

အဟား......
ကိုယ်​ဟာတကယ့်​ကို မ​ကောင်းတဲ့လူတစ်​​ယောက်​ပဲ....

သူ့​ရှေ့မှာဒူး​ထောက်​ထိုင်​ချ...
ကြမ်းပြင်​​ပေါ်က သူ့လက်​​က​လေးကို အုပ်​ကိုင်​လိုက်​သည်​....

'' ကိုယ်​​တောင်းပန်​ပါတယ်​ က​လေးရယ်​...
ကိုယ်​..တကယ့်​ကိုမှားသွားပါတယ်​ကွာ...အဲ့အတွက်​ က​လေးကြိုက်​သလိုအပြစ်​​ပေး....ခံယူပါ့မယ်​...''

ကျွန်​​တော့်​စကားသံအဆုံး ​မော့ကြည့်​လာ​သော သူ့မျက်​ဝန်းများတွင်​ကပ်​ညိ​နေ​သော အရိပ်​အ​ယောင်​များသည်
အဓိပ္ပါယ်​​ဖော်​ရန်​ ခက်​ခဲလွန်းသည်​.....

''ဟင့်​အင်း...တကယ်​တမ်း​တော့ ခင်​​ဗျားမမှားဘုး...
ယုံကြည်​လို့မရမှန်းသိရဲ့နဲ့ §မှတ်​မရှိ ယုံကြည်​မိခဲ့တဲ့ ကျွန်​​တော်​ကသာ မှားတာ......''

ပြောပြီးတာနဲ့ မျက်​ရည်​​တွေပွတ်​သုတ်​ကာ သူမတ်​တပ်​ရပ်​သည်​....

''မုန်းတယ်​....
ခင်​​ဗျားဟာ မ​ကောင်းတဲ့လူမှန်းသိရဲ့နဲ့ ​သေ​လောက်​​အောင်​ချစ်​မိ​နေတဲ့ ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​မုန်းတယ်​...
ရပါတယ်​...အဆင်​​ပြေသလိုသာ​နေပါ....အရာအားလူံးမျက်​ကွယ်​ပြု​ပေးထားမှာမို့....
ခင်​​ဗျားစ်​တ်​ချမ်းသာသလိုသာ ​နေပါ​တော့...
တစ်​ခုပဲ.... ကျွန်​​တော့်​နားကသာ ထွက်​မသွားပါနဲ့..
အဲ့ဒါ​လေးတစ်​ခုပါပဲ.....''

တုန်​ယင်​စွာ​ပြောပြီး ​ပြေးတက်​သွား​သော သူ........

သူ့စကားနှင့်​အကြည့်​များကြား
အားအင်​ကုန်​ခမ်းကာ အရုပ်​ကြိုးပြတ်​လဲကျသွားမိသူ ကိုယ်​.......

ဒီအမှားအတွက်​....ကိုယ်​ဘယ်​လိုပြန်​​ပေးဆပ်​သင့်​သလဲ....

ဘဝအဆက်​ဆက်​ ပြန်​​ပေးဆပ်​မယ်​ဆိုလျှင်​​တောင်
က​လေးအ​ပေါ် ကျူးလွန်​မိတဲ့အပြစ်​က​ ​ကျေလိမ့်​မှာ မဟူတ်​​ပေဘူး.....

ကိုယ့်​အ​ပေါ် သိပ်​ချစ်​လွန်းတဲ့က​လေးအ​ပေါ်
ကိုယ်​ဟာ ဘာ​ကြောင့်​များ ဒီလိုလုပ်​ရပ်​မျိုး လုပ်​နိုင်​ခဲ့ရတာလဲ......

အရာအားလုံးအတွက်​...​တောင်းပန်​ပါတယ်​ အချစ်​ရယ်​.........

***********PAIN********

^^PAIN^^Where stories live. Discover now