''Lu...ဘာ​တွေ​ပြော​နေတာလဲ...ကိုယ်​နားမလည်​ဘူး..''

ဟက်​...ခနဲရယ်​လိုက်​​သော သူ....
ထို့​နောက်​ ​ခေါင်းငုံ့ကာ စားပွဲ​ပေါ်လက်​​ထောက်​ချလိုက်​သည်​.....

ထို့​နောက်​ ပါးပြင်​ထက်​ လက်​ဖမိုးဖြင့်​ ဖိသုတ်​လိုက်​သည်​...

ဘုရား​ရေ....သူငို​နေတာလား....

''သိပြီးပြီ...အားလုံးသိပြီးပြီမို့.. ​​ကျေးဇူးပြုပြီးဟန်​​ဆောူ်​မ​နေပါနဲ့​တော့...အပြစ်​ကင်းချင်​​ယောင်​​ဆောင်​​မ​နေပါနဲ့​တော့...... Hariနဲ့ ခင်​​ဗျားအ​ကြောင်းကို အားလုံးသိပြီးပြီမို့....အဲ့ဒါမို့​လေ..~~....''

သွားပြီ.......
သူသိသွားခဲ့ပြီ....

ကျွန်​​တော်​အ​ကြောက်​ဆုံးအချိန်​ကို​ရောက်​လာခဲ့ပြီ...

လွန်​ခဲ့​သော မိနစ်​ပိုင်း ကတည်းကပင်​ ​တွေးခဲ့မိပြီး
တုန်​လှုပ်​ခဲ့ရ​သော အချိန်​အခါသည်​ ချက်​ချင်းပင်​​ရောက်​လာခဲ့ပြီ.....

ဘာလုပ်​ရမလဲ...ဘာလုပ်​သင့်​လဲ....

''Lu ah...ကိုယ်​...ကိုယ်​​တောင်းပန်​ပါတယ်​..
ကိုယ်​မရည်​ရွယ်​ထားခဲ့....''

''​တောင်းပန်​ပြန်​ပြီ....
ခင်​​ဗျားတစ်​ဘဝလုံး အခုလိုပဲ​နေ​တော့မှာလား..ဟမ်​...
ကျွန်​​တော်​မသိ​အောင်​​ဖောက်​ပြန်​...သိသွားရင်​​တောင်းပန်​... ဒိလိုပဲ ​ရှေ့ဆက်​​တော့မှာလား ဟမ်​....!! ​ပြော​လေ.... ခင်​​ဗျား​ဗျာ.....
ခင်​​ဗျား ကိုယ့်​အတ္တပဲကိုယ်​ကြည့်​တယ်​... ခင်​​ဗျားဖြစ်​ချင်​တာပဲ ခင်​​ဗျားလုပ်​တယ်​.. အမြဲ..အမြဲတမ်းပဲ~
ကျွန်​​တော့်​ဘက်​ကို တစ်​ချက်​​လောက်​ကြည့်​​ပေးပါလား...
ကျွန်​​တော်​ဘယ်​​လောက်​ထိနာကျင်​ခံစား​နေရလဲ ခင်​​ဗျားနည်းနည်း​လောက်​ပဲဖြစ်​ဖြစ်​ကိုယ်​ချင်းစာကြည့်​​ပေးပါလား​ဗျာ.... ခင်​..ခင်​​ဗျား...ဟင့်​...~~~....''

ဒူး​ထောက်​ကာ လက်​နှစ်​ဖက်ကလည်း ကြမ်းပြင်​​ပေါ်​ထောက်​ထားလျက်​ ရှိုက်​ကြီးတငင်​ ငို​ကြွေး​နေ​သော ချစ်​ရသူ.....

ကျွန်​​တော်​ ..​ပြောစရာစကားရှာမ​တွေ့​တော့....
ချစ်​ရသူ နာကျင်​​နေတာ ​တွေ့​နေရုံနဲ့တင်
ကိုယ်​ပါ အသက်​ရှူကျပ်​​လောက်​​အောင်​ မွန်းကျပ်​​နေရသည်​....

^^PAIN^^Where stories live. Discover now