အနာဂတ်​အတွက်​ ​တွေးပူမ​နေချင်​...

လက်​ရှိတွင်
ကျွန်​​တော်​သည်​ Xiao luကို ချစ်​သည်​...
Luသည်​လည်း ကျွန်​​တော့်​ကိုချစ်​သည်​.....

ဒါဆိုပြီးပြီမဟုတ်​လား....

အပြင်​လူဆိုတာ အချိန်​တန်​ရင်​ထွက်​သွား​ပေးရမှာ ဓမ္မတာပဲ​လေ.....
အချိန်​တစ်​ခု​ရောက်​ရင်​....အရာအားလုံးပြီးသွားမှာပါ.....

''​ရောက်​ပါပြီ..''

''​သြော်​..​အေး....''

အ​တွေးထဲ​မြော​နေရာမှ Driver အသံ​ကြောင့်
အိမ်​​ရောက်​မှန်းသိလိုက်​သည်​...

ကျသင့်​​ငွေရှင်းကာ ပို​ငွေကို ​ဘောင်းဘီအိတ်​ထဲထိုးထည့်​ရင်း အိမ်​တံခါး​ရှေ့​လျှောက်​လာခဲ့လိုက်​သည်​.....

''​​ပျော်​ခဲ့လား...''

တံခါး​ခေါက်​မလို့ ပြင်​လိုက်​စဉ်​မှာပင်
ပွင့်​လာ​သော တံခါးနှင့်​ ​တွေ့လို​က်​ရ​သော သူ့မျက်​နှာ...

''ဟင်​......''

''​မေး​နေတယ်​​လေ.... ခင်​​​ဗျား​ပျော်​ခဲ့လားလို့...
ကျွန်​​တော်​တို့မိသားစုကိုထားပြီး သူမနဲ့အတူထွက်​သွားရတာ ​ပျော်​ခဲ့ရဲ့လားလို့!!!!....''

''Xiao Lu ah...''

ပျော်​ခဲ့လားတဲ့လား....
သူအိမ်​မှာ​စောင့်​​နေမလားဆိုပြီး တစ်​ချိန်​ကုန်​​နောက်​​ဆံတင်း​နေခဲ့တာကို သူမှမသိဘဲ.....

ဝုန်းးးးးးးးးးးးး

တံခါးကို​ဆောင့်​ပိတ်​ပြီး မီးဖိုခန်းထဲဝင်​သွားတဲ့သူ့​နောက်​ ကျွန်​​တော်​အ​ပြေးလိုက်​ရသည်​....

ကျွန်​​တော့်​ချစ်​သူ စိတ်​ဆိုး​နေ​လေပြီ.....

''Xiao Luရယ်....မင်းထင်​သလိုမဟုတ်​ပါဘူးကွာ...ကိုယ်​ရှင်းပြ....''

''ယုံမယ်​ထင်​လား....ဟမ်​....
ယုံမယ်​များထင်​​နေလားလို့.... ခင်​​ဗျားရှင်းပြခဲ့သမျှ​တွေ​ကော အခုရှင်းပြမှာကို​ကော ဘာတစ်​ခုမှယုံကြည်​​ပေးမှာမဟုတ်​လို့ ထပ်​ပြီးရှင်းပြမ​နေနဲ့....''

သူ.....ဘာ​တွေ​ပြော​နေတာလဲ......
မယုံကြည်​ဘူး.... ကျွန်​​တော့်​ကို​လေ......
သူမနဲ့ပတ်​သက်​မှုအတိုင်းအတာကို ထိန်​ချန်​ထားခဲ့မိတာကလွဲရင်​ အရာအားလုံးအမှန်​အတိုင်း​ပြောပြခဲ့တာပဲ...

^^PAIN^^Where stories live. Discover now