သာယာမှုနောက် ဇွတ်တိုးလိုက်ရန် တွေးမိလိုက်သော်လည်း ရုတ်တရက်အာရုံထဲပေါ်လာသော မျက်နှာလေးက Xiao Lu.....
ချက်ချင်းပင် သူမနဲ့လူချင်းခွာလိုက်သည်....
''ကိုယ်သွားပြီ.. Hari....
Xiao Lu စောင့်နေလိမ့်မယ်...''
အပျက်ပျက်အယွင်းယွင်းဖြစ်နေသော သူမမျက်နှာကိုတွေ့ပေမယ့် လျစ်လျူရှုကာ ကားထဲမှ အမြန်ဆုံးထွက်လာခဲ့လိုက်သည်....
ဘယ်လိုပဲဖြစ်ဖြစ်..
ကျွန်တော်သည် အိမ်ထောင်ရှိယောက်ျားတစ်ယောက်...
အခြားဘယ်လိုပဲ ဖြစ်နေပါစေ...
ဒီတစ်ခုတော့ ဝေးဝေးကရှောင်ရမည်....
မညစ်နွမ်းချင်....
ညစ်နွမ်းသော ခန္ဓာကိုယ်ဖြင့် Xiao Lu အနားရှိမနေချင်သောကြောင့်.. ဒီကိစ္စကိုတော့ တတ်နိုင်သလောက်ရှောင်သည်.....
Taxiတစ်စီးခပ်မြန်မြန်တားကာ လိပ်စာပြောပြီးမောင်းခိုင်းလိုက်သည်......
ကားပြတင်းပေါက်မှ အပြင်ကိုငေးရင်း
ကိုယ့်လုပ်ရပ်ကိုယ် ပြန်တွေးနေမိသည်.....
Xiao Luသာ သိသွားရင်.....
Hariနဲ့ ပတ်သက်မှုကိုသာ ကလေးသိသွားခဲ့ရင်....
ရလဒ်က မတွေးရဲစရာပင်....
Hariနဲ့ ကင်းကင်းနေဖို့ဆိုပြန်တော့လည်း အလုပ်တူတူလုပ်နေတာဖြစ်တဲ့အပြင် ချစ်သူဟောင်းဆိုတဲ့ အရိပ်ကြိးကြောင့် ကင်းကင်းနေလို့မရပြန်.....
အဆိုးဆုံးက...
ဆွဲဆောင်မှုအားပြင်းလွန်းတဲ့ သူမနဲ့အတူတူရှိချိန်ဆို
စိတ်တွေလွတ်သွားတတ်တာ....
ခဏလောက်ပဲဖြစ်ဖြစ် စိတ်အလိုလိုက်ချင်မိ..အပျော်ရှာချင်မိတာ......
ဒီစိတ်အခံလေးကို အမြစ်ကနေဆွဲနှုတ်လို့ရရင်
နှုတ်ပစ်ချင်မိသည်.....
ကားမှန်ကို ခေါင်းမှီရင်း စိတ်ပင်ပန်းစရာ အတွေးတွေကို ခေါင်းခါကာရှင်းပစ်လိုက်သည်....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
