မျက်​​စောင်း​လေးထိုးကာ ​ပြောလာ​သော သူမသည်​..
အမှန်​တကယ်​ပင်​ အသည်းအူယားစရာ​ကောင်း​အောင်​ ချစ်​ဖို့​ကောင်းလွန်းသည်​....

''​နောက်​မှ..​နောက်​တစ်​ကြိမ်​​မှ​ပေါ့​နော်​...''

ကျွန်​​တော်​ မတ်​တပ်​ရပ်​လိုက်​တော့ သူမလည်း ဆူ​အောင်​​အောင့်​နှင့်​ စားပွဲမှထကာ အပြင်​ထွက်​သွားသည်​....

ဟူး.......
စိတ်​​ကောက်​သွားပုံပဲ.....

မတတ်​နိုင်​..... ကျွန်​​တော့်​ က​လေးစိတ်​ပူ​နေရမယ့်​ကိစ္စ
ကျွန်​​တော်​မလုပ်​ချင်​....
Xiao Lu ထက်​ပို၍ အ​ရေးကြီးတာ ဘာမျှမရှိ....

ကားဆီ​ရောက်​​တော့ သူမက ​ယာဉ်​​မောင်းသူ​ဘေးက ​နေရာဝင်​ထိုင်​ပြီး ကျွန်​​တော့်​ကို ကား​သော့လှမ်း​ပေးသည်​...

သူမဆီက ကား​သော့ကို လှမ်းယူပြီးတာနဲ့ ခပ်​သွက်​သွက်​ပင်​ ​မောင်းထွက်​လာခဲ့လိုက်​​​​​တော့ သူမမျက်​နှာမှာ အလိုမကျမှု​တွေက အထင်းသား.....

ဟင်း........

သက်​ပြင်းကိုသာ ချပြီး အရှိန်​ခပ်​မြန်​မြန်​တင်​ကာ
သူမအိမ်​ထိ​လိုက်​ပို့လိုက်​သည်​....

''​ရောက်​ပြီ... Hari...
ဒါဆို ကိုယ်​Taxi ငှါးပြီးပြန်​​တော့မယ်​​နော်​..''

သူမကိုနှုတ်​ဆက်​ပြီး ကား​ပေါ်က ​ဆင်းဖို့ပြင်​တဲ့အချိန်
ရုတ်​တရက်​ လက်​​ကောက်​ဝတ်​ကို ​​ဆောင့်​ဆွဲခံလိုက်​ရမှု​ကြောင့်​ အရှိန်​မထိန်းနိုင်​ဘဲ ကားထဲပြန်​​ရောက်​သွားသည်​...

တစ်​ဆက်​တည်းခံစားလိုက်​ရတာက
နှုတ်​ခမ်းသား​ထက်​က ​နွေး​ထွေးနူးညံ့မှု....

ကျွမ်းကျင်​စွာ ခြယ်​လှယ်​​နေ​သော သူမကို အစက အနည်း​ငယ်​ငြင်းဆန်​မိ​ပေမယ့်​လည်း
ကျွန်​​တော်​ဆိုသည်​မှာလည်း ​ယောက်ျား​တွေထဲက ​ယောက်ျားတစ်​​ယောက်​ပင်​မို့.......

စတင်​သူက သူမဖြစ်​​ပေမယ့်​ ဦး​ဆောင်​သူက ကျွန်​​တော်​ဖြစ်​သွားပြီး အချိန်​တစ်​ခဏကြာချိန်​....

သူမလက်​သွယ်​သွယ်​က ကျွန်​​တော့်​လက်​ကို အုပ်​မိုးဆုပ်​ကိုင်​လာသည်​....
ထို့​နောက်​ ဥိးတည်​ရာက သူမရင်​သားဆီ.....

^^PAIN^^Where stories live. Discover now