စားပွဲမှထရပ်​ကာ မျက်​နှာချင်းဆိုင်​က Chanyeol ပုခုံးကို လှုပ်​ယမ်းပြီး ​မေး​တော့ သူက မျက်​လွှာချသည်​....

''ရုံး...ရုံးမှာ သတင်း​တွေကပျံ့​နေတာပဲ....
သူ...သူတို့နှစ်​​ယောက်​တွဲ​နေတယ်​ဆိုပြီး... Manager က​တော့ Sehunကို စိတ်​​ဝင်​စား​နေတာ အမှန်​ဖြစ်​​ပေမယ့်​ Sehunက​တော့ ဒီကိစ္စနဲ့ပတ်​သက်​ပြီး ဘာမှမ​ပြောဘူး.... Hariက သူ့ကိုအရမ်းအ​ရေး​ပေးတယ်​...တွဲသွားတွဲလာလည်းရှိတယ်​.. သူ့ကိုလည်းစိတ်​ဝင်​စား​နေတာဆို​တော့....တစ်​ရုံးလုံးက သူတို့တွဲ​နေတယ်​လို့ပဲ သတ်​...သတ်​မှတ်​ထား......''

ဝုန်း..!!!!...........

စားပွဲ​ပေါ်က ရှိသမျှ အရာအားလုံးကို ဖယ်​ချပစ်​လိုက်​မိသည်​....

ကျေးဇူးပြု၍ နည်းနည်း​လောက်​​ပေါက်​ကွဲပါရ​စေ.....

''မင်း...မင်းကမတားဘူးလား...ဟင်​....သူတို့..Arrnyi.. Sehunကိုမတားဘူးလား... သူ့စရိုက်​ကို ငါသိ​နေ​ပေမယ့်​...အခုကအရင်​လိုမဟုတ်​​တော့ဘူး​လေ...သူကအိမ်​​ထောင်​သည်​ဖြစ်​​နေပြီ​လေ....''

မျက်​ရည်​လည်​ရွှဲဖြစ်​​နေတဲ့ ကျွန်​​တော့်​ကို Baekhyunက လာ​ပွေ့ဖက်​​ပေးရှာတယ်​....

''ငါတားတာ​ပေါ့သူငယ်​ချင်းတယ်​...တားခဲ့တာ​ပေါ့...
ကင်းကင်း​နေပါလို့လည်း ငါ​အတန်​တန်​​ပြောခဲ့တယ်​...
ဒါ​ပေမယ့်​....သူက​လေ... ​ပြောတယ်​...
Luhan ကိုပဲချစ်​တာတဲ့... သူ့နှလုံးသားထဲ Luhanပဲရှိတာတဲ့... ခု...ခုက... အ​ပေါ်ယံအထိအ​တွေ့မှာသာယာယုံပါတဲ့​လေ.....''

ကျွန်​​တော်​ အရုပ်​ကြိုးပြတ်​ထိုင်​ချမိပြီ...

ဒီလူဟာ...ကျွန်​​တော့်​ရဲ့ ခံနိုင်​ရည်​စွမ်းကို စမ်းသပ်​​နေတာ....
ကျွန်​​တော်​ ဘယ်​​လောက်​ ​ပေးဆပ်​နိုင်​လဲ သိချင်​​နေတာများလား...

မလိုအပ်​ဘူး​လေ....မလိုအပ်​ဘူးမဟုတ်​လား.....
အ​ပေါ်ယံ.....သာယာမှု....

ကျွန်​​တော်​..မ​ပေးခဲ့လို့လား.....
လိုအပ်​တာထက်​ပင်​ ပို​ပေးခဲ့...ပိုချစ်​ခဲ့...ပိုဂရုစိုက်​ခဲ့ရဲ့သားနဲ့...ဘာလို့များ.....

ပေးဆပ်​နိုင်​စွမ်းရှိသမျှ အကုန်​​ပေးဆပ်​ပြိးချစ်​​ပေး​နေတဲ့
ဒီလူကိုမှ ဘာ​ကြောင့်​များ ထပ်​ခါထပ်​ခါ နာကျင်​​နေ​စေရတာလဲ....

ဝဋ်​​ကြွေးများလား......

ဝဋ်​​ကြွေးသာဆိုရင်​​တော့.....
ကျွန်ေ​တာ့်​အတွက်​ ထွက်​​ပြေးစရာနည်းလမ်းမရှိ​တော့....

ထိုဝဋ်​​ကြွေးက လွတ်​​အောင်​ထွက်​​ပြေးခဲ့ဖူးသည်​...
သို့​သော်​... ဒုက္ခ​ပေးမည့်​သူသည်​... ကျွန်​​တော်​ရှိရာ ​ရောက်​​အောင်​လာခဲ့​ပေသည်​မဟုတ်​လား....

ထွက်​​ပြေးလို့မရမည့်​အတူတူ....
ရင်​ဆိုင်​ပြီး ​ပေးဆပ်​ကြရ​အောင်​....

ဝဋ်​​ကြွေးကုန်​မည့်​တစ်​​နေ့ထိ.....
နှလုံးသားလမ်းခင်း ​ပေးပါ့မယ်​ အချစ်​....
ကျေ​ကျေနပ်​နပ်​ကြီးသာ နင်းဖြတ်​သွားပါ​လေ......

တောင်းဆုတစ်​ခုသာ ပြုခွင့်​ရမည်​ဆိုလျှင်​...

ဒိဝဋ်​​ကြွေး​လေး...ဘယ်​​တော့မှမကုန်​ပါ​စေနဲ့လို့
ဆု​တောင်းမိချင်​ရဲ့.......

နာကျင်​ရမည်​ဆိုလျှင်​​တောင်​ အနာကျင်​ခံပြီး
ခင်​​ဗျား​ဘေးတွယ်​ကပ်​ချင်​​နေလို့ရယ်​ပါ​လေ......

••••••••••••PAIN••••••••••

💥💥💥Attention plzz.....💥💥💥

Promise.. ဆိုတဲ့​ခေါင်းစဉ်​နဲ့ စာအုပ်​အသစ်​​လေးလုပ်​ထားပါတယ်​...

Short stories ​လေး​တွေ​​​ရေးမှာပါ...
😁Imagine​လေး​တွေလည်း ပါမယ်​​နော်​...
OTP ကလည်းအစုံ​ရေးမှာပါ.....

Seme & Uke ​ပြောင်းပြန်​​တွေလည်း ပါချင်​ပါမှာ​ပေါ့....

အ​ပေါ်ကမဆင်းတဲ့ ကိုယ်​​တော်​လည်း ​အောက်​​ရောက်​ချင်​​ရောက်​သွားမှာ​ပေါ့..မ​ရောက်​ရင်​လည်းမ​ရောက်​ဘူး​ပေါ့...😝😝😝😝

ဆို​တော့ကာ.....​ပြောချင်​တာ​လေးက.....

Promotion လာဆင်းတာပါလို့....

^^PAIN^^Where stories live. Discover now