ထွက်လာသော ဒေါသများကို အံကြိတ်မျိုချ...
နှုတ်ခမ်းကိုတင်းတင်းစေ့....
မျက်မှောင်ကို ကုတ်လိုက်သည်....
''ဘာကိစ္စလဲ ''
ဒါဂိတ်ဆုံး...
ဒီ့ထက်ပိုပြီး ငြင်ငြင်သာသာ မပြောတတ်တော့.....
ပြောချင်စိတ်လည်းမရှိ....
ဖြစ်နိုင်ရင် ဂုတ်ကဆွဲပြီး လမ်းမပေါ်ကိုပင် ကန်ချပစ်လိုက်ချင်သည်....
ကျွန်တော့်အမေးကို သူမက ခပ်ထေ့ထေ့အပြုံးဖြင့်တုန့်ပြန်သည်.....
မုန့်ဖို့ကောင်းလိုက်တဲ့အပြုံးကြီး....
''တို့..သူနဲ့တွေ့ဖို့လာတာ...မင်းနဲ့တွေ့ဖို့မဟုတ်ဘူး...''
ဆံပင်ကို ပုခုံးနောက်သပ်တင်ကာ ပြောလာတဲ့သူမ...
စိတ်ရှိတိုင်းဆိုလျှင် ထိုအမျိုးသမီးအား လက်သီးဖြင့် ပစ်ထိုးခြင်မိသည်....
သြော်...မျက်နှာမြင်မုန်းပါစေဆိုတာ ဒီလိုမျက်ခွက်မျိုးထင်ရဲ့....
''Hun မရှိ.......''
''ဘာလို့ကြာနေတာလဲ Lu...အယ်....Hari...''
သေသာသေလိုက်ချင်သည်....
အချိန်ကိုက်ကိုပင် ထွက်လာသည့် သူ....
ထိုမိန်းမ မျက်နှာသည် ချက်ချင်းပင် ချိုအီသွားရသည်...
ခုနက မုန်းချင်စဖွယ်မျက်ခွက်ပိုင်ရှင်သည်
သူမဆိုသည်မှာ ကျိန်ပြောလျှင်ပင် ဘယ်သူမှမယုံလောက်.....
''Hunnie... Hunnieကို ညစာစားဖို့လာခေါ်တာ...''
ဘာဖြစ်တယ်...ညစာ...
Hunနဲ့...သူမနဲ့.....
ကျွန်တော် Hunကို ခပ်စူးစူးစိုက်ကြည့်လိုက်တော့
သူက ဘာမှမသိသလို မျက်လုံးအဝိုင်းသား....
''Hari...ကိုယ်အခုပဲညစာစားနေတာ...Luတို့နဲ့...''
သူပြောလိုက်တော့ သူမ နှုတ်ခမ်းဆူသည်....
မြူဆွယ်သလို...တမင်နမ်းချင်စရာဖြစ်အောင် ဆူထားသည့် အဲ့နှုတ်ခမ်းကို ကျွန်တော်ကတော့ ကတ်ကြေးဖြင့်သာ ညှပ်ပစ်ချင်သည်....
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~32~~
Start from the beginning
