သြော်​....ဟိုအမျိုးသမီးလည်းမပြန်​​သေးဘူးကိုး...

ဘယ်​​လောက်​ပဲ​ရှောင်​ထွက်​ချင်​​ရှောင်​ထွက်​ချင်
သမီးက သူ့​ရှေ့​ရောက်​နှင့်​​နေပြီမို့
မတတ်​သာဘဲ သူ့တို့ဆီ ​လျှောက်​သွားလိုက်​သည်​....

သူတို့နှစ်​​ယောက်​​ရှေ့ ရပ်​လိုက်​မိချိန်​..
သိမ်​ငယ်​စိတ်​က ရုတ်​တရက်​ကြီး ရင်​၀​ဆောင့်တက်​လာသည်​.....

ရှိုက်​ဖိုကြိးငယ်​အသွယ်​သွယ်​ဖြင့်
အချိုးအဆစ်​လှပစွာ တည်​​ဆောက်​ထား​သော သူမခန္ဓာကိုယ်​သည်
ကျွန်​​တော့်​ခန္ဓာကိုယ်​ ပြားချပ်​ချပ်​နှင့်​ လားလားမှမဆိုင်​စွာ ဆွဲ​ဆောင်​မှုရှိလွန်းသည်​.....

''Annyeong..... Luhanပါ...
Sehun ရဲ့..ခင်​ပွန်းပါ... ''

လက်​တစ်​ဖက်​ကမ်း​ပေးရင်း အပြုံးတုအားဆင်​မြန်းကာ ​ပြောလိုက်​​တော့ သူမက လှပစွာ ပြုံးပြရင်း ကျွန်​​တော့်​လက်​ကို ပြန်​လည်​ဆုပ်​ကိုင်​သည်​....

''Lee Hari ပါ... ''

သိပ်​လှသကိုး......
သိပ်​​အေးချမ်းသကိုး.....

ဆွဲ​ဆောင်​မှုရှိသည်​ဆိုတာထက်​ ငြိမ်းချမ်းစွာလှပ​နေ​သော အလှမျိုး......

''Lu....​ဈေးလာဝယ်​တာလား...''

တော်​​သေးတာ​ပေါ့....
Luလို့​ခေါ်​သေးလို့......

''Imm... သမီးကလည်း နည်းနည်းထူထူ​ထောင်​​ထောင်​ဖြစ်​လာလို့​လေ...အာ... Hun...
စော​စောပြန်​ခဲ့ပါလား...မိသားစုထမင်းလက်​ဆုံစားချင်လို့​လေ....''

သူမ​ရှေ့မှာမို့် မိသားစု ဟူ​သော စကားကိုတမင်​​ပြောလိုက်​ခြင်း....

ချက်​ချင်းအ​ရောင်​​ဖျော့သွား​သော သူမမျက်​၀န်းတို့အား
ကျွန်​​တေိာမြင်​ဖြစ်​​အောင်​မြင်​လိုက်​​သော​ကြောင့်
စိတ်​ထဲမှ ဂုဏ်​ဆာ​နေမိသည်​....

[Oh Sehunက ကျွန်​​တော့်​အပိုင်​...]

''အင်း...ပြန်​လာခဲ့မယ်​​နော်​....''

ဒီအ​ဖြေ​လေးပြန်​​ဖြေဖို့ကို သူ့ခမျာ ချက်​ချင်းမ​ဖြေနိုင်​...
တွေ​ဝေ​နေ​သေးသည်​.....

^^PAIN^^Where stories live. Discover now