''papa နေကောင်းပါတယ်သမီးရယ်...
ကဲ ...သမီးဗိုက်ဆာပြီလား...papaမုန့်လိုက်ကျွေးမယ်နော်...''
ခေါင်းငြိမ့်ပြသော သမီးလေးအား ချစ်မြတ်နိုးစွာဖြင့် နဖူးလေးအား နမ်းလိုက်သည်.....
ဟုတ်တယ်...
ကျွန်တော့်မှာ သမီးရှိသေးတယ်...
ဘယ်သူမှ ကျွန်တော့်အနားမရှိတော့ရင်တောင်
သမီးကတော့ သေချာပေါက် ကျွန်တော့်အနားရှိနေမှဖြစ်မယ်......
''ဘာတွေပဲ ဖြစ်လာဖြစ်လာ...
Papaကို လုံးဝခွဲမသွားပါဘူးလို့ ကတိပေးနိုင်မလား Kiki...'.
''အင်း...သေချာပေါက်ကတိပေးတာပေါ့...ဟောဒီ့ကမ္ဘာကြီးတစ်ခုလုံးမှာလေ...မီးမီးက Papaကို အချစ်ဆုံးသိလား... ဘယ်တော့မှခွဲမသွားဘူးနော်...''
သမီးရဲ့အဖြေကို သဘောကျစွာပြုံးမိသည်...
ထို့နောက် သမီးအားခေါ်ကာ
မနီးမဝေးက ကိတ်မုန့်ဆိုင်လေးဆီ ခေါ်ခဲ့သည်....
စားချင်တာများအား စိတ်ကြိုက်ရွေးပြီးနောက်
အခန်းထောင့်က စားပွဲလေးတွင် ၀င်ထိုင်ဖြစ်သည်....
လေးထောင့်စားပွဲလေးက ဖန်ဖြင့် သေချာပုံသွင်းထားတာကြောင့် သပ်သပ်ရပ်ရပ်...
စားပွဲပေါ်က ဆေးနီညိုရောင်ဖြင့်ခြယ်သထားသော
ကနုတ်ပန်းလေးများက အနုစိတ်......
်ခဏအကြာတွင် မှာထားသော မုန့်များအား ခပ်ချောချောwaiterလေးက လာချပေးသည် ...
ကိတ်မုန့်ကို အားရပါးရစားနေသော သမီးအားကြည့်ရင်း
အလိုအလျောက်ပင်ပြုံးနေမိသည်......
''ဟင်...ဟိုမှာ..Appa....''
မုန့်စားနေရင်း ကျွန်တော့်နောက်ဘက်ကို လက်ညှိုးလေးထိုးကာ ညွှန်ပြပြီး ခုံပေါ်က လှစ်ခနဲပြေးဆင်းသွားသော သမီးကို ကျွန်တော်တားချိန်မရလိုက်...
နောက်လှည့်ကြည့်လိုက်ချိန် သမီးမှာ သူ့Appa ရှေ့ရောက်နေပြီ...
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~30~~
Start from the beginning
