ဝမ်း​မြောက်​စွာ ထ​အော်​​သော သမီး​ကြောင့်​.ကျွန်​​တော်​​ရော Hyungပါ အသံထွက်​ရယ်​မိကြသည်​.....

သမီးဒီလိုမ​ပျော်​တာကြာခဲ့ပြီ.....
အလုပ်​ကိစ္စ​ကြောင့်​ အမြဲလိုလိုအိမ်​ပြန်​​နောက်​ကျတတ်​သည့်​သူဟာ .....
အရင်​လို မိသားစုသုံး​ယောက်​ တူတူကား​လျှောက်​စီးခြင်းအမှုကို မပြုနိုင်​​တော့........

ထို့​ကြောင့်​လည်း သမီးခုလို​ပျော်​​​နေခြင်း....
သမီးက ဒီလိုကား​လျှောက်​စီးရတာ သိပ်​သ​ဘောကျသူ..

မြို့ထဲရှိလမ်း​မကြီးများ...
ဆင်​​ခြေဖုံး၇ပ်​ကွက်​ရှိ လမ်​ငယ်​​လေးများ....
Sakuraတို့ဖြင့်​ ပြည့်​လျှမ်း​သော လမ်းလှလှများ....
တံတားငယ်​များ....

အစုံအစုံ....ကျွန်​​တော်​တို့ကား​လျှောက်​စီးကြသည်​....
တခစ်​ခစ်​ရယ်​နေခဲ့​သော သမီးအသံ​လေးသည်
သိပ်​ကို သာယာလွန်း​ပေစွ......

'​ဦးဦး....​နောက်​လဲလာခဲ့​နော်​..မကြာမကြာ...''

အိမ်​ပြန်​​ရောက်ေ​တာ့ ​နေ​တောင်​၀င်​​နေ​ပေပြီ.....
Suho hyungကို နှုတ်​ဆက်​​နေ​သောသမီးရဲ့သွင်​ပြင်​က သူ့နဲ့အတူ​ဆော့​ဖော်​​ဆော့ဖက်​ သူ့ဦးဦးကို
အမြဲတ​စေ အိမ်​လာ​စေချငိသည့်​ပုံ......

''ဦးဦးက အလုပ်​​တွေအရမ်းများတယ်​သမီးရဲ့
နောက်​အဲ့လိုမပူဆာရဘူး​နော်​... ''

ကျွန်​​တော်​၀င်​ဟန့်​လိုက်​​တော့ လက်​ကာပြတဲ့ Hyung..

''လာမှာ​ပေါ့သမီးရယ်​...အမြဲလာမယ်​​နော်​...ဦးဦးက
Kikiနဲ့အမြဲလာ​ဆော့မယ်​..အရုပ်​​လေး​တွေလဲယူခဲ့​ပေးမယ်​..​. အဲ့အစား သမီးက papaကို မဆိုးရဘူး​နော်​...​နေ​ကောင်း​အောင်​လည်း​နေရမယ်​...Ok?...

ခေါင်းတငြိမ့်​ငြိမ့်​ဖြင့်​ လက်​မနှင့်​လက်​ညှိုးကိုဝိုက်​ကာ
OK signလုပ်​ပြ​နေ​သော သမီးက လူကြီး​လေးလိုပင်​...

''Han...hyungသွား​တော့မယ်​​နော.်..သမီး..ဦးဦးပြန်​ပြီ....''

''Nae..Hyung...''

''Byebye ..ဦးဦး....''

ကားအနက်​​လေး ​မျက်​စိ​ရှေ့က ထွက်​သွား​တော့မှ
သမီးနှင့်​လက်​တွဲကာ အိမ်​ထဲဝင်​လာခဲ့သည်​....

သိပ်​မကြာလိုက်​...
ပင်​ပန်းလို့ထင်​သည်​....

သမီးက အိပ်​​ပျော်​သွားသည်​...

အိပ်​​ပျော်​​နေ​သော သမီိး​ဘေးဝင်​ထိုင်​ကာ
ဘာရယ်​မဟုတ်​ IG​လေးဝင်​ကြည့်​မိသည်​....

မ​မျှော်​လင့်​ဘဲ မြင်​လိုက်​ရ​သော ပုံ​လေးတစ်​ပုံ.....
အ​ခြေအ​နေအား တုန့်ုပြန်​မှုမြန်​ဆန်​​သော နှလုံးသားက
အချိန်​နှင့်​တ​ပြေးညီ စူးခနဲ........

ဓာတ်​ပုံထဲက...''သူ'' သည် မျက်​လုံး​လေးများမှိတ်​သည်​အထိပြုံး​နေခဲ့သည်​.......

သူနှင့်​အတူ....​နောက်​ထပ်​အတူပါရှိ​သော မိန်းမလှ​လေးကား သွားတက်​​လေးများ​ပေါ်သည်​အထိပြုံးကာ
ကျွန်​​တော့်​အသည်းညှာအား တစ်​စုံတစ်​ရာကိုခွံ့​ကြွေး​နေသည်​......

နှစ်​​ယောက်​လုံး၏ အပြုံးသည်​ သိပ်​ကိုအသက်​၀င်​လွန်း​ပေစွ......

Acc ပိုင်​ရှင်​ကား ကျွန်​​တော်​နှင့်​ မရင်းနှီး​သော သူ့လုပ်​​ဖော်​ကိုင်​ဖက်​သူငယ်​ချင်းတစ်​​ယောက်​......

အပြန်​​နောက်​ကျမယ်​ ဆိုတာ ဒါ​ကြောင့်​များလား Hun....

အတန်​တန်​​ပြောခဲ့ရဲ့သားနဲ့....
အကြိမ်​ကြိမ်​ သတိ​ပေးခဲ့ရဲ့သားနဲ့.....

ဘယ်​လိုထိခိုက်​မှုမျိုးကိုမှ ထပ်​ပြိးခံနိုင်​ရည်​မရှိ​တော့ပါဘူးလို့ အထပ်​ထပ်​​တောင်းပန်​ထားရဲ့သားနဲ့....

ထပ်​ပြီး.....
ထပ်​ပြီး..ဘာလို့များ.......

''အား......''

အဆမတန်​နာကျင်​မှုသည်​ ရင်​တွင်းဆီမှ လျှံကျကာ အသံအဖြစ်​ ​ အပြင်ဘက်​သို့​ပေါ်ထွက်​လာသည်​......

တစ်​ခါတစ်​ရံ....
အချစ်​က ​ပေးဆပ်​တာများသွားခဲ့တဲ့အခါ...
တန်​ဖိုးမဲ့ပြီး စွန့်​ပစ်​ခြင်းခံရတတ်​​လေသလား.....

သေချာတာက​တော့...

ကျွန်​​တော့်​အချစ်​​တွေက အမှိုက်​မဟုတ်​ဘူး​လေ ......

••••••••••••••PAIN••••••••••

ပြေးဘီသက်​လား..............

@ Hunhan TD

နောက်​​နေ့ကူးသွားလို့ mianhae... ♡
Typeထားတာ​လေးပျက်​သွားလို့ အစကပြန်​​ရေး​နေရလို့ပါ :'(

^^PAIN^^Where stories live. Discover now