'Papaရေ..ဦးဦးလာတယ်....မုန့်တွေလည်းပါတယ်...''
အောက်ထပ်ကနေပျံ့လွင့်လာသော သမီးလေးအသံ
အပြေးအလွှားအောက်ဆင်းကြည့်လိုက်တော့
ခုနကထိ အားမရှိသလိုဖျော့တော့နေသော ကလေးသည် အခုတော့ ရွှင်လန်းစွာ....
''Han... ''
ကျွန်တော့်ကိုတွေ့တော့ သမီးရှေ့ထိုင်ကာ
သမီးနှင့်တီတီတာတာပြောနေသောသူက
မတ်တပ်ရပ်ကာ နှုတ်ဆက်သည်....
''Hyungရယ်... အလကားသက်သက်ကြီးအလုပ်ပိုပါတယ်...အားနားစရာ....''
''Hanနဲ့ပတ်သက်တဲ့..သမီးနဲ့ပတ်သက်တဲ့ကိစ္စဟာ
အရာရာတိုင်းထက် ပိုအရေးကြီးတယ် Han.. ဘယ်တုန်းကမှ သူစိမ်းလိုမသတ်မှတ်ခဲ့လို့ နောက်နောင် အားနာတဲ့စကားလုံးဝမပြောပါနဲ့....''
''ဦးဦး....Kiki အပြင်ထွက်ချင်တယ်...
Papaက နေမကောင်းလို့အပြင်မပေးထွက်ဘူး...''
''သမီး papaက သမီးကိုစိုးရိမ်လို့ပါကွယ်...
ကဲ...အခုဦးဦးနဲ့အပြင်သွားကြမယ်...''
ပြုံးပျော်နေသော သမီးမျက်နှာလေးက စိတ်ချမ်းသာကြောင်း ပြနေသလို.....
သားအဖနှစ်ယောက် အ၀တ်အစားခပ်သွက်သွက်လဲကာ Hyungနဲ့တူတူ ဆေးခန်းသွားပြကြသည်.....
အရမ်းကြီးမဟုတ်ပေမယ့်....
သမီးက အတော်လေးသက်သာလာပြီဖြစ်ကြောင်းသိရတော့ ကျွန်တော်ရော Hyung ပါ ၀မ်းသာပီတိဖြစ်ရသည်.......
သူရော.....
အင်း.....သူသာသိရင်လည်း သိပ်ဝမ်းသာရှာမပေါ့....
သူသိပ်ချစ်တဲ့သမီး ... မကြာခင်နေကောင်းလာတော့မှာမဟုတ်လား.......
ညတိုင်း သမီးရဲ့ နဖူးလေးကိုနမ်းရင်း
အမြန်နေကောင်းလာစေဖို့ ဆုတောင်းတတ်တဲ့သူ.....
သမီးနေကောင်းလာရင်တော့
သားအဖသုံးယောက် ခရိးလေးထွက်ဦးမှပါလေ....
''သမီးရေ....ကားလျှောက်မောင်းကြရအောင်...!!...''
''ယေး...!!!....''
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~28~~
Start from the beginning
