သမီးကိုကြည့်​ရသည်​မှာ
တစ်​စက်​မှ အားရစရာမရှိ.....

နဂိုဖြူ​ဖွေး​သောအသားအ​ရေက
ကျန်းမာ​ရေးမ​ကောင်း​သော​ကြောင့်​ ဖြူ​ဖျော့​ဖျော့....

လှပ​သော မျက်​၀န်း​လေး​တွေက အရင်​က အရည်​ရွှန်းလဲ့​နေခဲ့​ပေမယ့်​ အခု​တော့ ​ဖျော့​တော့လို့.....

''Nae...papa..အဟွတ်​ဟွတ်​....''

♬ ♬ ♬

စားပွဲ​ပေါ်တင်​ထား​သော ဖုန်းမှမြည်​လာ​သော
Ringtone​ကြောင့်
Contact nameကိုကြည့်​မိ​တော့ Suho Hyung....

''ဟုတ်​ကဲ့ ...''

''Han... Kiki​လေး ဘယ်​လို​နေ​သေးလဲ..
သက်​သာရဲ့လား...''

သမီးရဲ့ ကျန်းမာေ၇းအ​ခြေအ​နေ​ကြောင့်
ကျွန်​​တော်​လည်း ခွင့်​ယူထားခဲ့သည်​.....

သမီး​နေမ​ကောင်း​ကြောင်းသိ​သော Hyungကလည်း
သမီးကို ဂရုစိုက်​ရှာသည်​.....

Hyungသည်​ ကျွန်​​တော့်​အတွက်​​တော့
တကယ်​အားကိုးရ​သော အစ်​ကိုကြီးတစ်​​ယောက်​ပင်​....

''နည်းနည်း​တော့သက်​သာပါတယ်​..Hyungရယ်​...
ဒါ​ပေမယ့်​ သမီးကိုကြည့်​ရတာလုံးဝအားမရဘူး...''

တိုး​ဖျော့​ဖျော့ ကျွန်​​တော့်​​လေသံ အဆုံး
ပင့်​သက်​ရှိုက်​​သော Hyung......

''ကိုယ်​ အခုလာခဲ့မယ်​..... အလုပ်​လည်းနည်းနည်းပါး​နေတာနဲ့...သမီးကို​ဆေးခန်းလိုက်​ပို့​ပေးမယ်​....''

''Hyung...မလာ...ဟာ...''

ပြောချငိရာ​ပြောပြီး ဖုန်းချသွားသူ....

သူ့လိုလူတစ်​​ယောက်​က အလုပ်​ပါးဖို့​နေ​နေသာသာ

တစ်​​နေ့တာ ၂၄နာရီရှိသည်​ကိုပင်​ မ​လောက်​ငှသူ....

ဒါကို ကျွန်​​တော်​တို့ မိသားစု...
အထူးသဖြင့်​ သမီးကိုဆိုလျှင်
သူ့အလုပ်​​တွေထက်​ကိုပင်​ ပို၍ဦးစား​ပေးတတ်​​သေးသည်​.....

တစ်​ခါတစ်​​လေ​တော့လည်း
Hyung သည်​ သိပ်​နားလည်​ရခက်​သည်​....

သိပ်​မကြာလိုက်​....
မိနစ်​အနည်းငယ်​ကုန်​ဆုံးပြီး​နောက်
ကြားလိုက်​ရ​သော bellသံ​ကြောင့်​ သူ​ရောက်​လာပြီမှန်း တန်းသိလိုက်​သည်​.....

^^PAIN^^Where stories live. Discover now