**********PAIN **********

ထွက်​သွားပြီဖြစ်​​သော သူ့​ကျောပြင်​​လေး
မြင်​ကွင်းမှ​ပျောက်​ကွယ်​သွားသည့်​တိုင်​ ​ငေး​နေမိပြီး​နောက်
မျက်​လွှာချကာ ပင့်​သက်​ခပ်​ပြင်းပြင်းတစ်​ချက်​ကို
ချမိသည်​........

သူ........
ဖုံးကွယ်​ထားခဲ့တယ်​......

သူ့ဆီက အမှန်​အတိုင်း​ပြောမည့်​စကားကို ကြားချင်​၍
တမင်​မသိချင်​​ယောင်​​ဆောင်​​မေးခဲ့​ပေမယ့်

ချစ်​ရသူသည်​ အမှန်​ကိုမဖွင့်​ဟခဲ့....

လိမ်​ညာထားခြင်းမဟုတ်​​ပေမယ့်
သူသည်​ ထိုအမှန်​တရားတစိတ်​တစ်​ပိုင်းအား
ဖုံးကွယ်​ထားခဲ့သည်​.....

သူ ကွယ်​၀ှက်​ထား​သော်​ငြား
Manager အသစ်​ဆိုသူသည်
သူ့ရဲ့ အတိတ်​က သက်​ဆိုင်​သူ ဆိုသည်​ကို
လွန်​ခဲ့​သော တစ်​ပတ်​ကပင်​ ကျွန်​​တော်​သိခဲ့ပြီး ဖြစ်​သည်​...

ကြားရက်​များတွင်​ သူများ ​ပြောပြလာ​လေမလားဟူ၍
မျှော်​လင့်​ခဲ့​သော်​လည်း
ထိုကိစ္စနှင့်​ပတ်​သက်​ပြီး တစ်​ခွန်းမဟခဲ့​လေသူ....

တမင်​ရည်​ရွယ်​ချက်​ရှိရှိဘဲ ဖုံးကွယ်​ထား​လေသလား....
မလိုအပ်​..ဟုယူဆကာပဲ မ​ပြော​လေသလား မသိ​​သော​ကြောင့်​ ကိုယ်​တိုင်​ပင်​ မသိ​ယောင်​​ဆောင်​ကာ
မေးခဲ့​သော်​လည်း......

သူသည်​..
ကိုယ့်​အား ကွယ်​၀ှက်​ထားခဲ့၏.....

*ကျွန်​​တော်​....သံသယမ၀င်​ချင်​ဘူး Hun...*

''Papa....မီးမီး ဒီ​နေ့​ကျောင်းတက်​လို့..အဟွတ်​..ရပြီလား....''

အခန်းထဲဝင်​လာ​သော KiKi​ကြောင့်
တွေးလက်​စ အ​တွေးများပြတ်​​တောင်းသွားရသည်​.....

သမီးက ခုတစ်​​လော ကျန်းမာ​ရေးသိပ်​မ​ကောင်း....
၂ရက်​ခြားတစ်ခါ​လောက်​ ​ဆေးခန်းသွား​နေရ​သည့်​ အ​ခြေအ​နေ​ကြောင့်​ ​ကျောင်းနားခိုင်းထားတာ ၁ပတ်​​လောက်​ရှိပြီဖြစ်​သည်​......

''ဒီ​နေ့​တော့ နားလိုက်​ဦး​နော်​သမီး....
နေမ​ကောင်း​သေးဘူး​လေ​နော်​....''

^^PAIN^^Where stories live. Discover now