''​နောက်​ကျလိုက်​တာ Hunရယ်​...
အလုပ်​​တွေအရမ်းလုပ်​​နေရလို့လားဟင်​.....
ကျွန်​​တော်​လွမ်း​နေတာ......''

ကျွန်​​တော့်​ပါး​လေးအားအုပ်​ကိုင်​ရင်း
နွမ်းလျလျအကြည့်​တို့ဖြင့်​ စကား​ပြော​နေ​သော ချစ်​ရသူသည်

သူစိမ်းမိန်းမတစ်​​ယောက်​အ​ကြောင်း...ပိုပြီး တိကျရလျှင်​ ..တစ်​ချိန်​က တွဲခဲ့ဖူးသူအ​ကြောင်း​တွေးကာ မြစ်​ကမ်း​ဘေး ​မျောက်​မှိုင်​မှိုင်​​နေခဲ့​သော ကျွန်​​တော့်​အဖြစ်​ကိုသာ
သိလျှင်​ ဘယ်​​လောက်​​တောင်​ ၀မ်းနည်းလိုက်​မည်​နည်း.....

''မအိပ်​​သေးဘူးလားLuရယ်​..ည၁၀နာရီ​တောင်​ခွဲ​နေပြီကို.....''

သူ့နဖူး​လေးအား ခပ်​ဖွဖွနမ်းကာ ဆို​တော့
သူက ပါးပါး​လေးပြုံးသည်​.....

ထို့​နောက်​......

''Hun ရင်​ခွင်​မှမဟုတ်​ရင်​ ကျွန်​​တော်​မအိပ်​တတ်​တာ သိရဲ့နဲ့.....''

ဘယ်​​လောက်​ချစ်​စရာ​ကောင်းလိုက်​သလဲ.....

''ပင်​ပန်းလာတယ်​မလား....
နားရ​အောင်​​လေ..​နော်​....လာ....အ​ပေါ်သွားကြမယ်​...''

ကျွန်​​တော့်​လက်​ကို ဆွဲ​မြောက်​ရင်း သူ့ပုခုံး​ပေါ်ဖက်​​စေကာ
အ​ပေါ်ထပ်​သို့တွဲ​ခေါ်သွား​သောသူ.......

အခန်းထဲ​ရောက်​​တော့ ​​ရေချိုးခန်းထဲ ​ပြေးဝင်​ကာ
ရေအ၀ချိုးပစ်​လိုက်​သည်......

စိတ်​ပင်​ပန်း​နေတာ​လေး​တွေ သက်​သာသွားသလိုပင်​......

အပြင်​ထွက်​လာ​တော့ ညအိပ်​၀တ်​စုံ​လေးက
ထုတ်​ပြီးလျက်​သား.....

သိပ်​အလိုက်​သိတဲ့ ​ယောက်ျား​လေး.....

သူထုတ်​​ပေးထားတဲ့ ညအိပ်​၀တ်​စုံ​လေးယူဝတ်​ပြီး
ခုတင်​​ပေါ်​ခြေပစ်​လက်​ပစ်​လှဲချလိုက်​တယ်​....

''ကိုယ့်​ က​လေး​လေး..
ကိုယ့်​ဆီလာပါဦး...aigoo ...တစ်​​နေကုန်​လွမ်း​နေတာကွာ.....-''

လက်​နှစ်​ဖက်​ဆန့်​တန်း​ပေးလိုက်​​တော့
က​လေး​လေးတစ်​​ယောက်​လို ရင်​ခွင်​ထဲ​ပြေးဝင်​လာ​သော​ကောင်​​လေး...

လွတ်​ထွက်​သွား​မှာစိုးသည့်​အလား
တင်းကျပ်​စွာဖက်​ရင်း နှလုံးသားနဲ့အနီးဆုံးအထိ
ဆွဲသွင်းထားမိသည်​.....

''Hun~ ''

''အွန်း....''

သူ့ဆံနွယ်​နုနု​လေး​တွေကို သပ်​တင်​​ဆော့ကစား​နေရင်းကပင်​ ပြန်​ထူးလိုက်​​တော့ က​လေးက ရင်​ခွင်​ထဲပိုတိုးဝင်​လာသည်​......

''ည​နေက Hunပြန်​မ​ရောက်​​သေးလို့​လေ....Chanyeolကို ဖုန်းဆက်​​မေးကြည့်​တာ....''

သူ့ဆံနွယ်​ထဲ တိုးဝင်​​နေတဲ့ ကျွန်​​တော့်​လက်​​တွေရပ်​တန့်​သွားသည်​....

''သူ​ပြောတယ်​....Hun ပုံမှန်​အတိုင်းပြန်​သွားတယ်​တဲ့... hun ကိုအလုပ်​က တစ်​ခုခုခိုင်းထားလို့လားဟင်​...အဲ့ဒါ​ကြောင့်​​နောက်​ကျ​နေတာလား.....''

မျက်​နှာ​လေး​မော့ကာ သိချင်​စိတ်​အပြည့်​ဖြင့်​​မေးလာ​သော
မျက်​၀န်းများတွင်​ သံသယဟူသည်​ မြူတစ်​မှုန်​ပင်​မပါ.....

သို့​ပေမယ့်​....
အမှန်​ကို​ပြောဖို့ရာ မဖြစ်​​သေး​တော့......

''အင်း....Kyoto မှာရှိတဲ့ ရုံးခွဲက နိုင်​ငံခြားပို့ကုန်​စာရင်း​တွေသွားစစ်​​ပေးရတာ... အဲ့ကစာရင်းစစ်​က အလုပ်​ထွက်​သွားလို့​လေ....အဲ့ဒါ​ကြောင့်​ ကိုယ်​ကခဏသွားကူရတာ....''

Awww...ဟူသာ​ပြောပြီး ​ခေါင်းတညိမ့်​ညိမ့်​ဖြင့်​ရင်​ခွင်​ထဲ ပြန်​တိုးဝင်​လာသူ......

''ပင်​ပန်းတယ်​ကွာ.....အိပ်​​တော့မယ်​....က​လေး​ကိုဖက်​ပြီး....''

ခါးကိုဖက်​ထားရာက​နေ လက်​​နေ၇ာ​ရွေ့ပြီး သူ့တင်​ပါး​လေးကို နှစ်​ချက်​​လောက်​ပုတ်​လိုက်​တော့
တဆက်​တည်း ကျွန်​​တော့ဝမ်းဗိုက်​ဆီမှ စူးခနဲခံစားလိုက်​ရသည်​......

''အဘိုးကြီး ..ယွထမ​နေနဲ့...အိပ်​​တော့..ပင်​ပန်းတယ်​ဆိုပြီး​တော့...''

ဆို​တော့လည်း.....
ဖက်​အိပ်​ခြင်းဖြင့်​သာ ​ကျေနပ်​လိုက်​ရ​လေသတည်း ​ပေါ့​လေ..........

တစ်​ခါတစ်​​လေ...အမှန်​တရား​တွေက
ပြောဆိုသူကိုကော နား​ထောင်​သူကိုပါ
နာကျင်​​စေရုံကလွဲပြီး အကျိုးမရှိတဲ့အခါ......

ကိုယ်​..... မုသားလှလှ​လေးကိုပဲ ​ရွေးချယ်​ပါရ​စေ....

ချစ်​သူ ..မနာကျင်​​စေဖို့ပါ​လေ.......

•••••••••••••PAIN•••••••••••

^^PAIN^^Where stories live. Discover now