ဒီဇာတ်​လမ်းတွင်​....
အမှားကင်းမဲ့ခဲ့သူ သူမအတွက်​​တော့ ကျွန်​​တော့်​ကို ပြန်​​တွေ့ချိန်​တွင်
ပကတိ သန့်​ရှင်းစွာ ပြုံးပြနိုင်​​ပေမယ့်
အမှားကျူးလွန်​ခဲ့မိသူ ကျွန်​​တော့်​မှာ...
သူမလို အပြစ်​ကင်းကင်းပြုံးပြနိုင်​ဖို့ခွန်​အားမရှိ.....

သူမနှင့်​ ရင်​ဆိုင်​ရန်​ သတ္တိမရှိ......

ဘယ်​လိုပဲဖြစ်​ဖြစ်​ ကိုယ်​က မှားခဲ့တာမဟုတ်​လား​လေ......

**ဟူး..........**

သက်​ပြင်းရှည်​ကြီးအား ရင်​​မောစွာချအပြီး
ပတ်​၀န်းကျင်​ကို ကြည့်​မိ​တော့
အ​မှောင်​ထုသည်​ အံ့သြစရာ​ကောင်း​လောက်​​အောင်​ပင်
မင်းမူ​နေခဲ့ပြီဖြစ်​သည်​.......

မြစ်​ကမ်း​ဘေးတွင်​ သက်​ရှိလူသားဟူ၍
ကျွန်​​တော့်​အပြင်​ အမူးသမားအချို့နှင့်​ နမ်းရှုံ့​နေ​သော
အတွဲအချို့သာရှိ​တော့သည်​....

လက်​ကနာရီကို ကြည့်​မိ​တော့....

''OMG!! ​သေ​တော့မှာပဲကွာ....''

ကမန်းကတန်း ကားဆီ​ပြေးကာ
အရှိန်​အမြန်​ဆုံးထားပြီး ​မောင်းခဲ့ရသည်​.....

အိမ်​​ရှေ့​ရောက်​​တော့ ခြံတံခါး​လေးက ​စေ့လျက်​သားမို့
ကိုယ့်​ဘာသာဖွင့်​ကာ ကား​မောင်းဝင်​ခဲ့သည်​......

အိမ်​တံခါးမ ကြီးအား မဖွင့်​မိခင်
သက်​ပြင်းထပ်​ချမိသည်​.......

ကျေးဇူးပြုပြီး....
ကျေးဇူးပြုပြိး Luရယ်​...ကိုယ့်​ကိုမ​စောင့်​ဘဲ အိပ်​​နေ​ပေးပါ......

တံခါးအား ညင်​သာစွာတွန်းဖွင့်​လိုက်​သည်​....
သော့မခတ်​ထား.......

''Hun...ပြန်​လာပြီလား....''

ကျွန်​​တော့်​ဆု​တောင်းမပြည့်​လိုက်​.....
နှစ်​​ယောက်​မရှိ​အောင်​ ချစ်​ရသူသည်
အ​နွေးထည်​အပါး​လေးဝတ်​ကာ ​ကော်​​ဖီ​လေးတစ်​ခွက်​ကိုင်​ရင်း ကျွန်​​တော့်​ကို​စောင့်​​နေခဲ့သည်​.....

ကျွန်​​တော့်​ကိုမြင်​​တော့ လက်​ထဲက ဖိုင်​​တွေ ဆွဲယူကာ
ပါးပြင်​ထက်​အနမ်း​ခြွေရှာသည်​......

^^PAIN^^Where stories live. Discover now