ရလဒ်​အား ​ကျေနပ်​စွာ ပြုံးလိုက်​မိပြီး​နောက်​ တဆက်​တည်း ကျွန်​​တော့်​ပါးနှစ်​ဖက်​ အား အုပ်​ကိုင်​ကာ​သော
နွေး​ထွေးမှုကို ခံစားလိုက်​ရသည်​.....

ထို့​နောက်​......
နွေး​ထွေးလွန်း​သော အ​ငွေ့အသက်​နှင့်
သိပ်​ချိုလွန်း​သော နှုတ်​ခမ်းတစ်​စုံ........

တစ်​ချက်​စုပ်​ယူလိုက်​တိုင်း
ဝါဂွမ်း​လေးလို နူးညံ့​နေတဲ့ ဒီအထိအ​တွေ့​တွေကို

ဟိုး.....အရင်​ကာလများဆီတုန်းကလည်း
ကျွန်​​တော်​မလွန်​ဆန်​နိုင်​ခဲ့.....

ယခု ပစ္စုန်​ပ္ပန်​ တွင်​လည်း မ​ရှောင်​လွှဲနိုင်​..

နောင်​....အနာဂတ်​ဆီတွင်​လည်း
တောင့်​တ​နေဖြစ်​လိမ့်​ဦးမည်​ပင်​........

ရမက်​ဖြင့်​ သိမ်းပိုက်​ခြင်းမမည်​​သော
အကြင်​နာဖြင့်​ သုံး​ဆောင်​​နေ​​သော သူသည်​.....

သူ၏ မြတ်​နိုးဖွယ်ရာ အဖိုးတန်​ရတနာ​လေးတစ်​ခုကို
တခုတ်​တရ နမ်းရှိုက်​​နေသကဲ့သို့ပင်​....

နွေး​ထွေးလွန်းစွာ....
ငြင်​သာလွန်းစွာ.......
သိမ်​​မွေ့လွန်းစွာ......ဖြင့်

အနမ်းတစ်​စုံကို ကျွန်​​တော်​ နှုတ်​ခမ်းပါးထက်​ လှပစွာ
ဖော်​ကျူး​နေသည်​........

မိနစ်​အနည်းငယ်​ လွန်​​မြောက်​ပြီးချိန်​တွင်
အနမ်းများအား လျှာဖြား​လေးဖြင့် လက်​စသတ်​ကာ
ကျွန်​​တော့်​ နဖူးပြင်​အား သူ့နှာ​ခေါင်း​လေးဖြင့်​ တံဆိပ်​ခတ်​သည်​.......

ထို့​နောက်​.............

''ချစ်​တယ်​.....Lu........''

ရင်​ထဲထိ​အောင်​ စိမ့်​ဝင်​သွား​ပါ​သော
အေးမြမှုသည်​....
နှလုံးသားအားသွား​ရောက်​​တွေ့ဆုံကာ
ခပ်​ပြင်းပြင်းလှိုင်းတစ်​ခု ဖြစ်​​ပေါ်လာ​စေရန်
လှုံ့​ဆော်​သည်​.....

သူ့လည်​တိုင်​အား လက်​နှစ်​ဖက်​ဖြင့်​တွဲခိုကာ
သူ့နှုတ်​ခမ်း​တွေအား ကြည့်​ရင်း......

^^PAIN^^Where stories live. Discover now