ငါးလှမ်း​လောက်​ ခပ်​​ဖြေး​ဖြေးလှမ်းပြီး​နောက်
ကောင်​​လေး​ရှေ့​မှောက်​ ​ရောက်​သွားသည်​.....

ဆတ်​ခနဲ​မော့ကြည့်​လာ​သော မျက်​၀န်းများတွင်
မျှော်​လင့်​ချက်​တို့ အပြည့်​........

''Lu.....''

ညင်းသွဲ့​သော သူ့​လေသံသည်​ ကျွန်​​တော့်​နားစည်​မှတစ်​ဆင့်​ နှလုံးသားအား ပြင်းထန်​စွာရိုက်​ခတ်​သည်​.....

စိတ်​လှုပ်​ရှားမှုအား မသိသာ​စေရန်
မျက်​​တောင်​ကို တဖျတ်​ဖျတ်​ခတ်​ကာ သူ့​ဘေးနားမှာဝင်​ထိုင်​လိုက်​​တော့ အလိုက်​တသိ​ဘေး​ရွှေ့​ပေးသူ.....

''ဟို...ကိုယ်​သိချင်​တာ​လေး​......သိခွင့်​ရှိ......''

''ကျွန်​​တော့်​ကို နမ်းပါ......''

အထစ်​ထစ်​ အ ,အအ ​ပြော​နေ​သော သူ့စကားများမဆုံးခင်​ ဖြတ်​​ပြောလိုက်​​သော ကျွန်​​တော့်​​ကြောင့်​ သူရုတ်​တရက်​ ​ကြောင်​အ, သွားသည်​....

ပြီးမှ .... အံ့သြစွာဖြင့်​....

''Lu ah~~~''

''နမ်း​ပေးပါ...တရှိုက်​မက်​မက်​​လေး.....''

မျက်​လုံးကိုမှိတ်​ ​ကာ သူ့​အသက်​ရှုသံကြားရသည့်​အကွာအ​ဝေးထိ​အောင်​ တိုးကပ်​လိုက်​ပြီး
အသင့်​အ​နေအထား ပြင်လိုက်​​တော့....
သူ့ထံပါးမှ မူမမှန်​​သော ၀င်​​လေထွက်​​လေအား ခံစားမိသည်​......

ကျွန်​​တော်​ လိုချင်​တာ အဲ့ဒါ.........

တကယ့်​ ရင်​ခုန်​မှုအစစ်​ ဟုတ်​မဟုတ်
သိချင်​တာ........

ကျွန်​​တော်​မဟုတ်​​သော မိန်းက​လေးနှင့်
အ​တော်​​လေးကျွမ်းဝင်​ခဲ့​ဖူး​သော ထိုသူအတွက်
ယခုလိုရုတ်​တရက်​ဆန်​မှုမျိုးသည်
သူမနှင့်​ ​အချိန်​​တွေတုန်းကလည်း ရှိခဲ့ဖူးမှာပင်​......

သူသာ တကယ်​လို့ ကျွန်​​တော့်​ကို မချစ်​ဘူးဆိုလျှင်​....
ရင်​ခုန်​စရာ...စိတ်​လှုပ်​ရှားစရာ...အ​ကြောင်းမရှိသလို
နောက်​ဆက်​တွဲအဖြစ်​ အသက်​ရှူသံ မြန်​ဆန်​လာစရာအ​ကြောင်းလည်း မရှိဘူးမဟုတ်​လား........

^^PAIN^^Where stories live. Discover now