''ဒီ​နေ့က ၁ လပြည့်​ပြီHyung...
ကျွန်​​တော်​​လေ..... မဆုံးဖြတ်​ချင်​ရင်​​တောင်​ တစ်​ခုခုကိုဆုံးဖြတ်​ရ​တော့မှာရယ်​....''

ဘာမှမရှိသည့်​ အခန်းနံရံဖြူဖြူအား တ​မေ့တ​မော​ငေးကာ
ပြောလာ​သောသူ......

တစ်​ဆက်​တည်း ​ခေါင်းငိုက်​စိုက်​ကျ​သွား​သော ကိုယ်​....

''ကျွန်​​တော်​ ဘယ်​လိုဆုံးဖြတ်​မလဲဆိုတာလည်း
Hyungသိပြီးသားဖြစ်​မှာမို့....
သိပ်​အနာကျင်​မခံပါနဲ့Hyung ရယ်​......''

ဒီလို အ​ဝေးတစ်​​နေရာကိုကြည့်​ပြိး အားနာသလို​ပြောလာတဲ့စကား​တွေထက်
ကိုယ့်​မျက်​လုံးတည့်​တည့်​ကို ကြည့်​ပြီး....

Hyungကို ကျွန်​​တော်​ မချစ်​ဘူး ရယ်​လို့
ပြောလိုက်​ပါလား .......

အနည်းဆုံး​တော့ အရှုံးသမားတစ်​​ယောက်​လို
အလဲလဲအကွဲကွဲ ခံစား​နေရတာ​တွေ နည်းနည်းသက်​သာသွားမယ်​ထင်​တယ်​​လေ.......

''Hyungက​လေ.... တကယ်​တုံးတာပဲ....
ချစ်​တယ်​ဆိုပြီး အဲ့ဒီ့အချစ်​ကို တစ်​​ယောက်​တည်းတမြုံ့မြုံ့ခံစား​နေလို့မရဘူး​လေ........
အချစ်​ကို တစ်​ဖက်​လူမြင်​​အောင်​လည်း ထုတ်​ပြတတ်​ရ​သေးတယ်​Hyungရဲ့....လွန်​ခဲ့တဲ့ ၁နှစ်​...ကျွန်​​တော့်​ရင်​ထဲမှာ အဲ့လူအတွက်​အမုန်း​တွေပဲရှိခဲ့တဲ့အချိန်​ကသာ... Hyung ကြိုးစားခဲ့မယ်​ဆိုရင်​ ခုချိန်​မှာ အ​ခြေအ​နေ​တွေက တစ်​မျိုး​ပြောင်းလဲ​ကောင်း​ပြောင်းလဲ​နေနိုင်​တယ်​ မဟုတ်​လား.......''

ရှည်​လျား​သော သူ့ရှင်းပြချက်​အပြီးတွင်​....
ကိုယ့်​ကိုယ်​ကို တစ်​ခုခုလုပ်​ပစ်​ချင်စိတ်​များပင်
ပေါ်​ပေါက်​လာရသည်​.....

ကိုယ်​တကယ်​ကို အသုံးမကျခဲ့တာပဲ....

'' ဟက်....ကိုယ်​တကယ်​အသုံးမကျခဲ့တာပဲ​နော်​..''

''အဲ့လိုလည်း ဘယ်​ဟုတ်​ပါ့မလဲ Hyungရယ်​...အရာရာက ကံစီမံရာ​ပေါ့....''

ဘာမှမလုပ်​နိုင်​သည့်​အတူတူ
သက်​ပြင်းသာထပ်​ချမိ​နေသည်​.....

''ကျွန်​​တော်​ သွား​တော့မယ်​​နော်​ Hyung....''

ခါး​လေးညွတ်​ကာ ထွက်​သွား​သော သူ့​ကျောပြင်​​လေးအား နှ​မျောတသစွာ​ငေး​မောရင်း ........

အကယ်​၍များ.....
အကယ်​၍များ​ပေါ့​နော်​.....ကံကြမ္မာက ကိုယ့်​ဘက်​ကို
နည်းနည်း​လောက်​​လေးများ မျက်​နှာ​ပေးခဲ့ရင်​​လေ.....

ကိုယ်​အခွင့်​အ​ရေးကို ​သေချာအသုံးချပြီး
မင်းကို အချစ်​​တွေအပြည့်​အ၀ထုတ်​ပြဖို့်​ ကြိုးစားပါ့မယ်​ Han.....

နောက်​ပြီး....
အဆုံးရှုံးလဲ ခံ​တော့မှာမဟုတ်​ဘူး......

••••••••••••PAIN•••••••••••

Oral တစ်​ရက်​​ဖြေရဦးမှာ သိလား.....:'( :'( :'( :'(
MUFL....မီ​ဝေါ့..... :'( :'( :'( :'(
သူများ​တွေနားကုန်​ပြီကို........ :'( :'( :'( :'(

^^PAIN^^Where stories live. Discover now