အသံကိုနှိမ့်ချကာ တောင်းဆိုတော့
ကျုံ့ကျုံ့လေးရပ်နေသည့် ကောင်သေးလေးက
သက်ပြင်းကိုမသိမသာခိုးချသည်......
မသိမသာမှ တကယ့်ကိုမသိမသာ.....
သို့ပေမယ့် ကျွန်တော်ဆိုတဲ့လူကလည်း
ထိုကြွေရုပ်လေးကိုပင် အရိပ်တကြည့်ကြည့်ဖြင့်
အမြဲစောင့်ကြည့်လာခဲ့သူဆိုတော့လည်း..........
''Nae..Hyung...ဘာပြောမလို့လဲ....''
ခေါင်းလေးငုံ့ကာ ကြမ်းပြင်ကိုသာ စူးစိုက်ကြည့်နေသော ဖယောင်းရုပ်လေးသဖွယ် နုဖတ်နေသည့်ကောင်လေးက
ကျွန်တော့်တောင်းဆိုချက်ကို လိုက်လျောလာသည်.....
အလုပ်စားပွဲမှထကာ မလှမ်းကမ်းရှိ Sofa ပေါ်သွားထိုင်လိုက်တော့ သူလေးကအလိုက်တသိလိုက်လာသည်.....
Sofa နှစ်ခုတွင် မျက်နှာချင်းဆိုင်ထိုင်နေရင်းကပင်
မျက်စိရှေ့က ဖန်စားပွဲကို အကြောင်းမဲ့ငေးကြည့်နေမိသည်........
''Hyung.....''
အတန်ကြာ တိတ်ဆိတ်နေသော အခြေအနေကို
သူ့ဘက်က အသက်သွင်းလာခဲ့လေတော့........
''ကိုယ်.........
ဘာဆက်လုပ်သင့်လဲ Han.......''
မျက်လွှာကိုချ ပင့်သက်ချကာ လက်နှစ်ဖက်ကိုယှက်၍ စားပွဲပေါ်တင်ထားရင်း
သိပ်သိချင်သော မေးခွန်းအား ရင်မောစွာ........
''Hyungရယ်.....ကျွန်တော်ဘယ်လိုပြန်ဖြေရပါ့မလဲ....''
ဖျတ်ခနဲ မော့ကြည့်မိပါသော သူ့မျက်ဝန်းတွင်
အားနာဟန်အပြည့်......
အေးလေ.....
အဖြေသိနှင့်ပြီးသား မေးခွန်းတစ်ခုကို
အတည်ပြုချင်မှတော့လည်း......
အနာကျင်ခံလိုက်ပေါ့ Kim Suhoရယ်.......
''Han ah......မျှော်လင့်ခွင့် နည်းနည်းလေးတောင်...
မရှိတော့ဘူးလားကွာ.....''
သက်ပြင်းအသာချကာ ခေါင်းငုံ့သွားသော
သူ့ကို ငေးကြည့်နေရုံမှလွဲ ဘာမှမတတ်နိုင်ခဲ့........
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~22~~
Start from the beginning
