သို့​ပေမယ့်​.....

အတိတ်​ရဲ့ အရိပ်​ဆိုးကို ပြန်​​တွေးမိလိုက်​​လေတိုင်း
သူ့ကို အဆုံးစွန်​ထိ ချစ်​ပြလိုက်​ချင်​စိတ်​သည်
တွန့်​ဆုတ်​သွားရသည်​........

အတိတ်​တစ်​ချိန်​က ထိုသူသည်​လည်း....
ဤအကြင်​နာ...ဤမျက်​၀န်း ...ဤစကားတို့နှင့်​ပင်
ကိုယ့်​ကို ရုန်းမရ​အောင်​ ချုပ်​​နှောင်​ခဲ့ဖူးသည်​ မဟုတ်​လား......

ထိုစဉ်​က​တောင်​ သူလှည့်​ဖျားရက်​နိုင်​ခဲ့​သေးလျှင်
ယခုအချိန်​တွင်​​ကော.......

ထိုသူသည်​ ကိုယ့်​ကို ထပ်​မံမရက်​စက်​ဘူးလို့
ပြောနိုင်​​လေသလား............

''အား.......တကယ်​ ရူးချင်​လိုက်​တာ......''

တွေ​ဝေတတ်​​သော စိတ်​သည်
အစဉ်​အမြဲ ကိုယ့်​ကို ဒုက္ခ​ပေးခဲ့သည်​.....

သည်​ဥာဉ်​သည်​အထူးသဖြင့်​  သူနှင့်​ပတ်​သက်​သည့်
ကိစ္စရပ်​များအား ပို၍ ရှုပ်​​ထွေး​စေသည်​......

မည်​သို့ပင်​ ဆို​စေကာမူ.....
မနက်​ဖြန်​တွင်​​တော့ တိကျပြတ်​သား​သော
အ​ဖြေတစ်​ခုကို ကျွန်​​တော်​ချမှတ်​ရ​တော့မည်​........

မနက်​ဖြန်တွင်​ ကိုယ့်​ဘ၀သမိုင်းသစ်​၏ အစကို
ကိုယ်​ကိုယ်​တိုင်​ပင်​ စုတ်​ချက်​တင်​ရ​တော့မည်​......

ဘယ်​လိုလုပ်​သင့်​သလဲ​လေ..........

°°°°°°°°°°°°°°°PAIN°°°°°°°°°°°°°°

''Han......စကားခဏ​လောက်​​ပြောရ​အောင်​​နော်​.....''

ဖွင့်​​ပြောခဲ့သည့်​ ညမှစ၍ Han ကျွန်​​တော့်​ကို
သိသိသာသာ​ရှောင်​​နေခဲ့သည်​မှာ ယ​နေ့ထိဆိုလျှင်
၎ရက်​​မြောက်​.......

စကားစဖို့ပြင်​လိုက်​​တိုင်း....
သိသိသာသာ​ရော..မသိမသာပါ ​ရှောင်​ထွက်​သွားတတ်​သည့်​ ဒီက​လေးကို ဒီတစ်​ကြိမ်​​တော့ မဖြစ်​ဖြစ်​တဲ့နည်းနဲ့
စကား​ပြောမှဖြစ်​​တော့မည်​........

''ကျွန်​​တော်​...အလုပ်​​လေး​တွေရှိ....''

''မလိုဘူး...ထားလိုက်​....အခု..ကိုယ်​မင်းနဲ့စကား​ပြောချင်​တယ်​..Han.....​ကျေးဇူးပြုပြီး.....''

^^PAIN^^Where stories live. Discover now