''ဒါနဲ့...ဟို​လေ....မနက်​ဖြန်​ဆိုရင်​ Lu ​ပြောထားတဲ့ ၁လပြည့်​ပြီ​နော်​...အ​ဖြေ​ပေးဖို့စီစဉ်​ထားပါ အဟိ.....''

ဒီတစ်​ခါ တစ်​ကယ်​နင်​သည်​.......

ပါးစပ်​ထဲထည့်​လိုက်​​သော ထမင်းလုံးက ဘယ်​က​နေဘယ်​လို နှာ​ခေါင်းက​နေပြန်​ထွက်​လာသလဲမသိ......

ခံစားရခက်​လိုက်​တာ.....

ချောင်းတဟွတ်​ဟွတ်​ ဆိုး​နေ​သော ကျွန်​​တော့်​ကို သူက ​ကျော​လေးလာပွတ်​​ပေးသည်​.......

''ရတယ်​...Sehun....ငါ..အ​ပေါ်တက်​​တော့မယ်​​နော်​...''

သူ့ကိုလှည့်​မကြည့်​ဘဲ အ​ပေါ်ထပ်​ရှိ ကိုယ့်​အခန်းရှိရာကို
ဝရုန်းသုန်းကား ​ပြေးတက်​လာခဲ့လိုက်​သည်​....

တစ်​လ...ပြည့်​ပြီတဲ့လား.......

ကျွန်​​တော်​သိပ်​​ပေါ့ဆ ခဲ့မိတာပဲ......
ဒီ...တစ်​လ..ဆိုတဲ့အချိန်​ ပြည့်​သွားတာကို​တောင်
သတိမထားမိနိုင်​​လောက်​​အောင်​....ကျွန်​​တော်​ သတိလက်​လွတ်​ဖြစ်​နိုင်​လွန်းသည်​​......

အခန်းထဲ​ရောက်​​ရောက်​ချင်း တံခါးပိတ်​ကာ ထို​နေရာမှာပင်​ တံခါးကိုမှီ၍ ထိုင်​ချလိုက်​သည်​......

အဆင်​သင့်​ဖြစ်​ပြီလား..........

ရှေ့ဆက်​ရမယ့်​ အနာဂတ်​အတွက်​.....
အရာရာရင်​ဆိုင်​ဖို့...အားအပြည့်​ဖြစ်​ပြီလား.....

တစ်​လတာ ​လေ့လာရသ​လောက်
သူဘက်​က​တော့ ကိုယ့်​အ​ပေါ်အမှန်​တကယ်​ချစ်​သည့်​ပုံပင်​.....

ကိုယ်​ဆိုးသ​လောက်​ အနွံတာခံသည့်​အပြင်
ကိုယ့်​အ​ပေါ် ဘယ်​​တော့များမှ အပြစ်​မဆိုခဲ့.......

အရင်​လို ရှုပ်​​ပွေဖို့​နေ​နေသာသာ
ကျွန်​​တော်​သင်​​ပေးထား​သော ဂျပန်​စာလုံး အနည်းငယ်​နှင့်​ပင်​ တိုင်​ပတ်​​နေတတ်​သူ......

ဖန်​တရာ​တေ​အောင်​ သူ​ဖွင့်​ဟ၀န်​ခံခဲ့​သော
ချစ်​စကားများနှင့်​ ယှဉ်​တွဲမြင်​ရ​လေ့ရှိ​သော
သူ့မျက်​၀န်းများတွင်​ လိမ်​ညာခြင်းဟူသည့်
အရိပ်​အ​ယောင်​သည်​ တစိုးတစိမျှပင်​ မပါဝင်​​ကြောင်း
ကိုယ်​ကိုယ်​တိုင်​ အဖန်​ဖန်​​လေ့လာဆန်းစစ်​ခဲ့ပြီးပြီ......

^^PAIN^^Where stories live. Discover now