နှုတ်​ဆက်​စကား ဆိုတာလဲ ရမ်းသမ်း​ပြောတာပါ.....
တကယ်​​တော့ သူဘာ​ပြောသွားတာလဲမသိပါဘူး​လေ...😧
ကျွန်​​တော်​နားမလည်​တဲ့ ဘာသာစကား​တွေနဲ့.....😪😒😒

''သွား​တော့မယ်​​နော်​ Aunty...''

''​အေး​အေး...ဂရုစိုက်​သွားကြ...''

ခပ်​သွက်​သွက်​ပင်​ သူ့​နောက်​​ပြေးလိုက်​ရသည်​.......

ကားဆီ​ရောက်​​တော့ သူက ကားထဲ​တောင်​ ​ရောက်​​နေပြီ......

ခပ်​မြန်​မြန်​ပင်​ စပ်​နှိုးကာ ထွက်​လာလိုက်​သည်​......

ထွက်​လာခါစက​နေ ၁၀မိနစ်​​လောက်​ကြာသည်​အထိ
ကျွန်​​တော့်​ဘက်​ တစ်​ချက်​မှမလှည့်​...စကားတစ်​ခွန်းမှမ​ပြောဘဲ အပြင်​ဘက်​ကိုသာ ​ငေးကြည့်​​နေ​သောသူ.....

ငေးသည်​ ဆို​ပေမယ့်​လည်း....အပြင်​ရှုဆင်းများအား မြင်​ပုံမ​ပေါ်.....တစ်​စုံတစ်​ရာအား ​တွေး​နေသည့်​သဖွယ်​.....

''​ကျေးဇူးတင်​ပါတယ်​....''

ကား​မောင်းလာသည့်​တစ်​​လျှောက်​ သူ့ဆီမှ ပထမဆုံးကြားရသည့်​စကား.......

''ဘာအတွက်​....''

''ခင်​ဗျား ရင်​ခွင်​ကို ခဏငှါး​ပေးလို့......''

ကျွန်​​တော်​ ပြုံးမိသည်​......

''မင်းအပိုင်​ အရာတစ်​ခုကို မင်းယူသုံးတဲ့အခါ......
အဲ့အတွက်​ ဘာကိုမှ ​ကျေးဇူးတင်​စရာမလိုပါဘူး Luရယ်​...''

နားမလည်​စွာ ကျွန်​​တော့်​ကို လှည့်​ကြည့်​လာ​သောသူ....

ကားအတွင်းမီး​ရောင်​​ကြောင့်​ မြင်​လိုက်​ရ​သော
သူ့မျက်​၀န်းလှလှမှာ အရည်​ကြည်​​လေး​တွေ ​ဝေ့၀ဲ​နေပြန်​ပြီ.......

''ကိုယ့်​ရဲ့ အရာရာတိုင်းက မင်းကို အပိုင်​​ပေးထားပြီးသားပါ Luရယ်​.....ခန္ဓာကိုယ်​သာမက....
စိတ်​​ရော....နှလုံးသား​ရော.....အားလုံးက မင်းအပိုင်​...''

ကျွန်​​တော့်​စကားကို ခုမှသ​ဘော​ပေါက်​သွားသဖွယ်​...
ရှက်​ပြုံး​လေးပြုံးကာ တစ်​ဖက်​လှည့်​သွား​သော ​ကောင်​​လေးအား ချစ်​လွန်းလို့ပါ​လေ........

''Lu ah.....ဘာကိစ္စပဲဖြစ်​ဖြစ်​​လေ.... အရမ်းမျိုသိပ်​မထားပါနဲ့လား.... အဲ့တာက သိပ်​ပင်​ပန်းတာ....
တကယ်​လို့...တစ်​​ယောက်​​ယောက်​ကို ရင်​ဖွင့်​ဖို့လိုအပ်​တယ်​ဆိုရင်​ ကိုယ်​အမြဲမင်းအတွက်​ အဆင်​သင့်​ရှိ​နေတယ်​ဆိုတာ သိထားပါ....​နော်​.....''

ကား​မောင်း​နေရင်းမှပင်​ ​လေသံခပ်​​အေး​အေးဖြင့်
ကျွန်​​တော်​ ​ပြော​နေမိသည်​........

အတန်​ကြာသည်​အထိ တုံ့ပြန်​သံမကြား......

တကယ်​ဆို.....တစ်​ခုခု...အနည်းဆုံး...''အင်း...''
ဆိုတာ​တော့ သူ​ပြောသင့်​တယ်​မလား.......

သူ့ဘက်​ကို လှည့်​ကြည့်​လိုက်​​တော့....
အဲ့က​လေးရယ်​​လေ......
ပြတင်း​ပေါက်​​လေးမှီကာ အိပ်​​ပျော်​​နေ​လေရဲ့.....

ကား​လေးကို ​လမ်း​ဘေးထိုးရပ်​ကာ အိပ်​​ပျော်​​နေတဲ့ သူ​လေးကို ​ငေးကြည့်​​နေမိသည်​.....

ငိုထား​သော​ကြောင့်​ နီရဲ​နေ​သော နှာ​ခေါင်းထိပ်​​လေးကို
အသည်းယားစွာ လက်​ထိပ်​​လေးနှင့်​ထိမိ​တော့
မျက်​​မှောင်​​လေးကျုံ့သွား​သော သူ......

ဟက်​...ခနဲဘသ​ဘောတကျ ရယ်​မိကာ...
အလှပဆုံး ဒီအခိုက်​အတန့်​​လေးအား
ဖုန်း​လေးထဲ သိမ်းထားလိုက်​သည်​.....

ထို့​နောက်​ ညင်​သာစွာ ပြန်​​မောင်းထွက်​ကာ
လိုရာခရီးအား ခပ်​​ဖြေး​ဖြေးပင်​ ဆက်​​မောင်းခဲ့လိုက်​သည်​.......

ကိုယ့်​ရဲ့ Sleeping Beauty ​လေး
အိပ်​​ရေးပျက်​မှာ စိုးလို့ရယ်​ပါ​လေ.......

••••••••••••••PAIN•••••••••••••••

^^PAIN^^Where stories live. Discover now