ခုနက ရှိုက်ကြီးတငင်ငိုထားတာ သူမဟုတ်သလိုပင်
ဘာမှမဖြစ်သလို ဟန်ဆောင်ရယ်မောနိုင်သောသူ......
ကျွန်တော်မသိလိုက်သော တစ်နှစ်ကျော်ခန့်အချိန်တွင်
ဤကလေးကား ခံစားချက်ကို ဖုံးကွယ်ခြင်း အတတ်ပညာ၌ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်သွားခဲ့သည်လား.........
သို့တည်းမဟုတ်......
ကျွန်တော်နှင့် အတူရှိနေစဉ်အချိန်....
အဲ့ဒီ့ အချိန်တွေကတည်းက ကလေးဟာ တဖြည်းဖြည်းသင်ယူတတ်မြောက်ခဲ့လေသလား.......
သည်နေ့...သည်နေရာတွင်တော့...
ထို ကလေး၏ ဖုံးကွယ်နိုင်မှုအား လက်ဖျားခါလောက်အောင်ပင် မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်.......
ဘုရားရေ.....
ကျွန်တော်သတိမထားလိုက်မိတော့ အချိန်လေးတွေအတွင်း ကလေးဟာ သိပ်ကို ရင့်ကျက်သွားခဲ့သည်ပေပဲ........
မမျှော်လင့်ဘဲ သိလိုက်ရသော သူနှင့်ပတ်သက်သည့်အခြေအနေတစ်ရပ်က အကြောင်းပြချက်မရှိပါဘဲ
ကျွန်တော့်ကို ကြက်သီးထစေသည်.........
အဒေါ်ဖြစ်သူနှင့် အချိန်အတန်ကြာ စကားစမြည်ပြောပြီးနောက် မတ်တပ်ရပ်ကာ ဦးညွတ်နှုတ်ဆက်သောသူ.....
''အေးကွယ်....နောက်လဲမကြာခဏလာခဲ့ပါ.....
မင်းမိဘတွေမရှိတော့ကတည်းက မင်းလေးကို စောင့်ရှောက်လာခဲ့ရတော့ ကိုယ့်သားလိုပဲသံယောဇဉ်ဖြစ်ရပါတယ်ကွယ်..... အိမ်ပြောင်းသွားတော့ ဒေါ်ဒေါ့်မှာလွမ်းနေတာ Luလေးရယ်...''
သူ့ကို ကြည့်ပြိး ခပ်ဆွေးဆွေးလေးပြောလာသော
သူ့အဒေါ်.....
ကြားထဲက ကျွန်တော်ပင် စိတ်မကောင်းဖြစ်မိသည်....
''Nae...လာခဲ့ပါ့မယ်....ခုတော့ ပြန်တော့မယ်နော်..ဒေါ်ဒေါ်.....တာ့တာ.....Sayonara ''
တာ့တာ လုပ်ပြကာ သူ့အဒေါ်ကိုနှုတ်ဆက်စကားပြောပြီး ကားဘက်ဆင်းသွားသည်....
ESTÁS LEYENDO
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~21~~
Comenzar desde el principio
