ကိုယ့်အပေါ်အခုလို ခံစားချက်ကြီး ထားနေမှန်းသိလိုက်ရသောအခါ......ဘာမှန်းမသိသော ၀မ်းနည်းခြင်းက
ရင်ထဲဝင်ေ၇ာက်လာသည်......
ကျွန်တော် တကယ့်ကို ညီလေးတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာပါHyungရယ်....
ရင်ဖွင့်စရာ...တိုင်ပင်စရာတွေကို အချိန်မရွေး ပွင့်လင်းစွာရင်ဖွင့်နိုင် တိုင်ပင်နိုင်မယ့်.....
ကျွန်တော်ပျော်ရင် ထပ်တူပျော်ပေးမယ့်.....
ကျွန်တော်ဝမ်းနည်းရင် ပွေ့ဖက်နှစ်သိမ့်ပေးမယ့်...
ကျွန်တော် အားငယ်တဲ့အခါ...အားပေး ပေးမယ့်....
ကျွန်တော့်ရဲ့ အစ်ကို Kim Suho ကိုပဲ
ကျွန်တော်တောင့်တခဲ့တာ....
ခုတော့....
အဖြူသန့်သန့်စက္ကူလေးရဲ့ ကိုယ်မမြင်ရတဲ့ တစ်ဖက်ခြမ်းက ဆေးရောင်တွေစွန်းထင်းနေလိမ့်မယ်မှန်း...
မမျှော်လင့်မှန်းသိခဲ့ရတဲ့အခါ....
လက်ထဲကိုင်ထားသော သူ့အင်္ကျီစ ကိုသာ
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အခြားတစ်ယောက်အကြောင်းကိုတွေးလို့ သူ့ပခုံးထက် အားရအောင်ငိုကြွေးမိတယ်.......
ကျွန်တော့် ကျောပြင်လေးကို ခပ်ဖွဖွလေးပွတ်သပ်နေတဲ့
သူ့လက်တွေရဲ့ လှုပ်ရှားမှနှင့်အတူ
.ကျွန်တော့်လည်တိုင်ကို လာထိခတ်တဲ့ ညင်းသွဲ့သွဲ့
သက်ပြင်းပူနွေးနွေးရဲ့ အထိအတွေ့ကိုလည်း ခံစားနေရသည်.....
ခဏလောက်တော့ မင်းရင်ခွင်ကို ငှါးပါရစေ Sehunရယ်.......
•••••••••••PAIN••••••••••
''ကျွန်တော်တို့ သွားလိုက်ပါဦးမယ် ဒေါ်ဒေါ်....နောက်မှထပ်လာခဲ့ပါ့မယ်...''
ကျွန်တော့်ရင်ခွင်ထဲ အားပါးတရငိုရှိုက်ပြီးနောက်
အငိုတိတ်ချိန်တွင်.....
သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး
အိမ်ထဲပြေးဝင်ကာ သူ့အဒေါ်ဖြစ်သူနှင့်
ရယ်ရယ်မောမောစကားပြောခဲ့သောသူ.......
YOU ARE READING
^^PAIN^^
Fanfiction''နိဒါန်းကတည်းက မသေ သပ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်... နိဂုံးဆိုတာ လှပနိုင်ပါ့မလား.... မျှော်လင့်ခွင့်ဆိုတာလေးသာ ကျွန်တော့်အတွက်ရှိနေသေးရင် ခင်ဗျားနဲ့အတူ လှပတဲ့နိဂုံးလေးတစ်ခုကိုဖန်တီးချင်မိပါရဲ့...... ...
~~21~~
Start from the beginning
