ဒီတစ်​ခါသက်​ပြင်းချရသူမှာ ကျွန်​​တော်​ပင်​....

ရလဒ်​ကို ကြိုသိ​နေရက်​နဲ့ ဘာလို့များ​ရှေ့ဆက်​တိုးချင်​​နေတာပါလိမ့်​​နော်​.....
သူ့အတွက်​ နာကျင်​ခြင်း ဆိုတာကလွဲ....
ဘာမှ ရလာမှာမဟုတ်​တဲ့ ဒီဇာတ်​လမ်းထဲ
ဘာ​ကြောင့်​ ၀င် က, ချင်​​နေရပါလိမ့်​....

''ကျွန်​​တော်​....Hyungကို အကိုရင်းတစ်​​ယောက်​လို ခင်​ပါတယ်​....''

သွယ်​၀ိုက်​၍ ​ပြောဆို​သော အငြင်းစကား.......

တောင်းပန်​ပါတယ်​ Hyung ရယ်​...
ကျွန်​​တော့်​နှလုံးသားက ထိုသူတစ်​​ယောက်​ကလွဲပြီး
ဘယ်​သူ့ကိုမှ လက်​မခံလို့ပါရယ်​....

''မဟုတ်​ဘူး Han...
ကိုယ်​က အဲ့ထက်​ပိုချင်​တာ....က​လေးကို ချစ်​သူတစ်​​ယောက်​လို...ချစ်​..ချင်​တာ....''

စိတ်​မ​ကောင်းလိုက်​တာ...............

''​တောင်းပန်​ပါတယ်​ Hyung........''

သူ...သက်​ပြင်းချပြန်​တယ်​.......

''ရပါတယ်​...ဒါ​ပေမယ့်​​လေ....မှတ်​ထား​ပေးပါ​နော်​....
Hanကို ကိုယ်​သိပ်​ချစ်​တယ်​ဆိုတာ​လေ.....
အဲ့ဒါကလည်း....Hanကို စ​တွေ့ခဲ့တဲ့ ​နေ့ကတည်းကဆိုတာ......''

တီ....ခနဲအသံနှင့်​အတူ...တစ်​ဖက်​က ဖုန်းကျသွားသည့်​တိုင်
ကျောက်​ရုပ်​တစ်​ရုပ်​လိုမလှုပ်​မယှက်​ ရပ်​မြဲရပ်​​နေမိ​သော ကျွန်​​တော်​......

ရင်​ထဲ ဘာမှန်းမသိ​သော ခံစားမှုကြီးဝင်​လာကာ
ချက်​ချင်းဆိုသလို ၀မ်းနည်းမှုက လိမ့်​တက်​လာသည်​......

နေရာမှာတင်​ ထိုင်​ချကာ ဒူး​လေးပိုက်​ပြီး ငို​ကြွေးမိ​တော့
ပျာပျာသ​လဲ ကျွန်​​တော့်​ကိုယ်​​လေးကို လာ​ပွေ့ဖက်​​သော သူ.......

''Lu....Lu...ဘာဖြစ်​တာလဲ..ရုတ်​တ၇က်​ကြီး....
ကိုယ့်​ကို​ပြော...ဘာအဆင်​မ​ပြေတာရှိလဲ...ဟင်​...''

ဖက်​ထား​သော သူ့လက်​​မောင်းများကြားမှပင်
သူ့ကိုပြန်​လည်​​ပွေ့ဖက်​ကာ သူ့ရင်​ခွင်​ထဲအားပါးတရငို​နေမိ​သောကျွန်​​တော်​......

စိတ်​မ​ကောင်းလိုက်​တာ.....

ကိုယ့်​ဘက်​က အစ်​ကိုရင်းတစ်​​ယောက်​လို အားကိုးတွယ်​တာခဲ့ကာ...သူကလည်း
ညီ​လေးတစ်​​ယောက်​လိုသာ သံ​ယောဇဉ်​ရှိ​နေလိမ့်​မည်​ဟု ထင်​ထားပါ​သောသူက....

^^PAIN^^Where stories live. Discover now